ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်

သမ္မတဟောင်း ပက်ဒရိုကက်စတယ်လိုအား ဖမ်းဆီးထိန်းသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ ပျံ့ နှံ့လာတာကြောင့် ပီရူး အစိုးရသစ်က အရေးပေါ်အခြေအနေတစ်ရပ် ကြေညာလိုက်ပါတယ်။

ရာထူးမှဖြုတ်ချဖို့ မဲဆန္ဒမခွဲမီ လွှတ်တော်ကိုဖျက်သိမ်းဖို့ ကြိုးပမ်းပြီးနောက် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေ ခံဉပဒေကို ချိုးဖောက်မှုသံသယနဲ့ သမ္မတဟောင်း ကက်စတယ်လိုကို ပြီးခဲ့တဲ့အပတ်အတွင်း ထိန်းသိမ်းခဲ့ပါတယ်။

ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီး လေဆိပ်တွေကို စီးနင်းကာ ပြည်သူပိုင် အဆောက်အအုံတွေကို မီးရှို့တာကြောင့် လူခုနှစ်ဉီး သေဆုံးခဲ့တယ်လို့ ပီရူး ကျန်းမာရေးဝန်ကြီးဌာနက ပြောပါ တယ်။

ဆူပူမှုတွေကို ထိန်းချုပ်တဲ့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ပီရူးအစိုးရက ဒီဇင်ဘာလ ၁၄ ရက်မှာ တစ်လကြာ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ပါတယ်။

ပီရူးနိုင်ငံတစ်ဝန်း လွတ်လပ်စွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ရပ်ဆိုင်းကာ စစ်တပ်တွေ ဖြန့် ကြက်ထားတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာပြုလုပ်မယ့် သမ္မတနဲ့ အထွေထွေရွေးကောက်ပွဲတွေကို ၂၀၂၄ ခုနှစ် ဧပြီလသို့ ရွှေ့ဆိုင်းဖို့ ပီရူးသမ္မတသစ် ဒီနာဘိုလာတေးက အဆိုပြုလိုက်ပါတယ်။

ဆန္ဒပြပွဲတွေကြောင့် လေဆိပ်တွေ၊ အရေးပါတဲ့ လမ်းကြီးတွေ ပိတ်သွားခဲ့လို့ ပီရူးနိုင်ငံတစ်ဝန်း ခရီးသွား တွေ သောင်တင်နေပါတယ်။

အခြေအနေတည်ငြိမ်သည်အထိ လုံခြုံရာနေရာတွေမှာ နေထိုင်ကြဖို့ ပီရူးနိုင်ငံရှိ ဂျပန်သံရုံးက ဂျပန်ကမ္ဘာ လှည့်ခရီးသွားတွေကို တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – NHK
Ref; Peru declares state of emergency amid protests