ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
အရေးပါသော ကုလသမဂ္ဂကော်မတီတစ်ခုက မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့် ပိတ် ပင်လိုက်တယ်လို့ ကုလသမဂ္ဂ သံတမန်နှစ်ဉီးက ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ အသိအမှတ်ပြုကော်မတီက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တွေ့ဆုံကာ စစ် ကောင်စီရဲ့တောင်းဆိုချက်ကို ရွှေ့ဆိုင်းလိုက်ပြီး တရားဝင်ကြေညာချက်ကို ဒီအပတ်နှောင်းပိုင်းမှာ ပြုလုပ်မယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တွေက ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် စစ်တပ်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးမှဖြုတ်ချ ကာ အာဏာသိမ်းယူချိန်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ရှိနေခဲ့တဲ့ ဉီးကျော်မိုးထွန်းကို လက်ရှိ ရာထူးမှာ ဆက်ရှိစေမှာဖြစ်ပါတယ်။
ယခင်အစိုးရနဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ ဉီးကျော်မိုး ထွန်းရဲ့နေရာကို အစားထိုးဖို့ မြန်မာစစ်ခေါင်းဆောင်တွေက ပြီးခဲ့နှစ် ဒီဇင်ဘာလအတွင်း ကြိုးပမ်းခဲ့ပါသေးတယ်။
တရားမဝင် အာဏာသိမ်းခေါင်းဆောင်တွေက နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းနေချိန်မှာ ကုလသမဂ္ဂ အသိအမှတ်ပြုကော်မတီရဲ့ ဆုံးဖြတ်ချက်က သံတမန်ရေးရာအရ အလွန်ကြီးမားတဲ့ အောင်မြင်မှုလို့ လန်ဒန်အခြေစိုက် Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှူး ခရစ်ဂန်းနက်စ်က ပြောပါတယ်။
သံအမတ်ကြီး ဉီးကျော်မိုးထွန်းကို ကုလသမဂ္ဂရဲ့ အခွင့်အရေးတွေ၊ အထူးခံစားခွင့်တွေ ပေးအပ်ဖို့နဲ့ အမျိုး သားညီညွတ်ရေးအစိုးရကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးဖို့ Myanmar Accountability Project မှ တာဝန်ရှိသူ ဒါမီယန်းလီလီက ကုလသမဂ္ဂကို တိုက်တွန်းလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိပြီး ရွေးကောက်ခံခဲ့ရတဲ့ အစိုးရတစ်ရပ်ကို ကုလသ မဂ္ဂမှာ ကိုယ်စားပြုဖို့ ကုလသမဂ္ဂ အသိအမှတ်ပြုကော်မတီရဲ့ဆုံးဖြတ်ချက်က မြန်မာပြည်သူ ၅၅ သန်းကို အခွင့်အ ရေးပေးရမယ်လို့ လီလီက ဆိုပါတယ်။
ကိုးကား – The Washington Post
Ref; Diplomats: UN blocks Myanmar military from taking UN seat