ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်အရှေ့ခြမ်း ကျေးစာကျ ကျေးရွာသို့ စျေးရောင်းလာသည့် အသက် ၁၈ နှစ်၀န်းကျင်ခန့် လူငယ်တစ်ဦး ဒီဇင်ဘာလ ၁၄ ရက် ယမန်နေ့ မနက် ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံကသိရသည်။

ကျေးစာကျရွာသည် ယနေ့မနက်အစောပိုင်းကစ၍ စစ်ကောင်စီတပ်မှစစ်ကြောင်းထိုးနေသည့်ရွာဖြစ်ပြီး စစ်ကြောင်းထိုးနေသည်ကိုမသိရှိဘဲ စျေးရောင်းလာသည့်အဆိုပါလူငယ်မှာစစ်ကောင်စီတပ်နှင့်ထိပ်တိုက်တွေ့ကာဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဆိုသည်။

“တစ်ခြားနယ်ကနေ စျေးရောင်းလာတဲ့ စျေးသည်တစ်ယောက်ကိုဖမ်းသွားပါတယ်။ကျေးစာကျရွာထဲမှာ ဖမ်းခံရတာ။သူကခါတိုင်းလည်း ဟင်းသီးဟင်း ရွက်၊အသားငါးတွေဆိုင်ကယ်နဲ့လှည့်ပြီး ဟင်းစားရောင်းနေကျဘဲ မနက်အစောက စစ်ကြောင်းထိုးနေမှန်းလဲမသိဘူး။ပုံမှန်ထင်ပြီး စျေးလာရောင်းရင်းကနေ စစ်ကြောင်းထိုးနေတာနဲ့တွေ့ပြီး ဖမ်းခံလိုက်ရတယ်။ ပုံမှန်အတိုင်းလဲ အဲဒီအချိန်မှာစျေးလာရောင်း နေတဲ့လူငယ်လေးဘဲ” ဟု ဆားလင်းကြီးမြို့နယ်အခြေပြု ပြည်သူမှပြည်သူသို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဖမ်းခံရသူ စျေးသည် လူငယ်မှာ မုံရွာ-ယာကြီး- က လေးဝ လမ်းဘေးရှိ ကွေ့ချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဆိုင်ကယ်နှင့်ရွာစဥ်လှည့်လည်ဟင်းစားရောင်းချသူဖြစ်ကာ ၄င်းအား လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ မည်သည့်နေရာကို ခေါ်ဆောင်သွားသည်ကိုလည်း မသိရကြောင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ပေးနေသူတစ်ဦးထံကသိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၂ နာရီခွဲအချိန်မှစ၍ ယင်းမာပင်-ဆားလင်းကြီးမြို့နယ်အစပ်ရှိ ကျေး ရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မွှေနှောက် နေသဖြင့် ကျေးစာကျရွာအပါအဝင် အနီးနားရှိ ရွာ ၁၂ ရွာမှ ဒေသခံပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ယနေ့ နေ့လည်ပိုင်းတွင်စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်းမှပြန်လည်ထွက်ခွာသွားသော် လည်း အနီးပတ်ဝန်းကျင်ရွာများတွင် စစ်ကောင်စီဘက်မှစောင့်ကြည့်မှုများရှိနေသဖြင့် ဒေသခံများအနေဖြင့်နေရပ်မပြန်ရဲသေးကြောင်း သိရသည်။

#ဆားလင်းကြီး #ယင်းမာပင် #ဒေသခံ #စျေးသည် #ဖမ်းဆီးခံရ #Ayeyarwaddy_Times