ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၄ ရက်
ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှ ခေါင်းဆောင်တွေဟာ ဒီဇင်ဘာလ ၁၄ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘ ရပ်ဆဲလ်မြို့တော်မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရတဲ့ ထိပ်သီးဆွေးနွေးပွဲကို အာဆီ ယံခေါင်းဆောင်တွေနဲ့ ပြုလုပ်နေပါတယ်။
မင်းအောင်လှိုင်နဲ့ အာဏာသိမ်း လုံခြုံရေးတပ်ဖွဲ့တွေဟာ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှု တွေမြောက်တဲ့ မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုတွေကို အတိုက်အခံတွေ၊ တိုင်းရင်းသားလူနည်းစု တွေအပေါ် ကျူးလွန်မှုအတွက် တာဝန်ရှိပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ကြိုးပေးကွက်မျက်ကာ ရာနဲ့ချီတဲ့ဆန္ဒပြသူ တွေကို သတ်ဖြတ်ပြီး ပြည်သူ ၁၃၀၀၀ ကျော်ကို ထိန်းသိမ်းခဲ့ပါတယ်။ မြန်မာစစ်တပ်က အရပ်သားတွေ၊ ကျေးရွာ တွေကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းတွေ လုပ်ဆောင်ကာ ပိတ်ပင်ထားတဲ့ လူသတ်မိုင်းတွေ အသုံးပြုမှု သိသိသာသာ တိုးမြှင့်လာခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မိမိပြည်သူတွေအပေါ် ထိထိရောက်ရောက် စစ်ပွဲဆင်နွှဲနေပါ တယ်။ ဉရောပသမဂ္ဂက မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်ပိုင်း၊ စစ်တပ်ကို အာဏာမြဲစေပြီး လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ကျူးလွန်မှုတွေဖြစ်စေတဲ့ ဝင်ငွေတွေရရှိစေတဲ့ စစ်တပ်ပိုင်လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီတွေကို ဒဏ် ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုတွေက ကန့်သတ်ချက်တွေရှိခဲ့ပါတယ်။ ကုလသ မဂ္ဂနဲ့ ဗြိတိန်နိုင်ငံက ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အနီးကပ် ညှိနှိုင်းဆောင်ရွက်တာ မရှိသလို စစ် တပ်ရဲ့ ဓာတ်ငွေ့နဲ့ ဘဏ်လုပ်ငန်းတွေကို ထိရောက်စွာ အရေးမယူနိုင်သေးပါဘူး။
အမေရိကန်၊ အခြားအစိုးရတွေနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုမရှိတာကြောင့် အာဏာသိမ်းမြန်မာစစ် တပ်ကို အထိနာစေတဲ့ စီးပွားရေး ဒဏ်ခတ်အရေးယူမှုမျိုး ဉရောပသမဂ္က လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။
နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာသိမ်းစစ်ကောင်စီအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးဖိအားပေးတာ ဆက် လက်ပြုလုပ်ဖို့ လိုအပ်ပြီး ဖိအားပေးမှသာ ပဋိပက္ခဖြေရှင်းဖို့ အဖြေရှာနိုင်မယ်လို့ ဉရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ်က ဇူလိုင်လအတွင်း ဝန်ခံခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန် အပါအဝင် ဉရောပခေါင်းဆောင်တွေက စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်း ကာ မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံကို သံတမန်ရေးရာအရ ဉီးဆောင်မှုပြုလိုကြပါတယ်။ ဉရောပသမဂ္ဂဖြစ် စေ အာဆီယံဖြစ်စေ မြန်မာ့အရေးကို တစ်ဖွဲ့တည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံက မြန်မာစစ်တပ်နဲ့ ဘုံသဘောတူညီချက်ငါးရပ် သဘောတူခဲ့ပေ မယ့် မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေသာ တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေက မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ပိတ်ပင်ခဲ့သလို ဒီနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီကို ပိုမို ဝေဖန်လာခဲ့ပါတယ်။
ဇူလိုင်လအတွင်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဉီးကို ကြိုးပေးကွက်မျက်ပြီးနောက် ဒီကွက် မျက်မှုဟာ အာဆီယံကိုပေးထားတဲ့ ကတိကဝတ်တွေကို ပျက်ရယ်ပြုတာလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သလို မြန်မာ့အရေးကို အာဆီယံဘုံသဘောတူညီချက်နဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဖူးလို့ မလေးရှားဝန်ကြီး ချုပ်က စက်တင်ဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။
အောက်တိုဘာလအတွင်း ဉရောပပါလီမန်က ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး ချည်းကပ်နည်းသစ်တွေ ရှာဖွေဖို့ အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။ မြန်မာစစ်တပ်အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့နဲ့ စစ်တပ်ကိုဖိအားပေးရာမှာ အာဆီယံ၊ သက်ဆိုင်ရာအစိုးရတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတိုးမြှင့်ဖို့လည်း ဉရောပပါလီ မန်က တိုက်တွန်းခဲ့ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ ပိုမို ပူးပေါင်းဆောင်ရွက်ရာမှာ သဘောတူညီချက်သစ်တစ်ရပ်ရရှိဖို့ ဉရောပ သမဂ္ဂနဲ့ အာဆီယံက လက်တွဲဆောင်ရွက်သင့်ပါတယ်။ အာဆီယံခေါင်းဆောင်တွေကလည်း ဒဏ်ခတ်အရေးယူ မှုတွေကို ထောက်ခံကြောင်း ပြသသင့်ပြီး အမေရိကန်နဲ့ ဉရောပသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ပိုမိုလုပ် ဆောင်ဖို့ ဉရောပသမဂ္ဂကို တွန်းအားပေးသင့်ပါတယ်။
အာဆီယံရဲ့ တရားစီရင်ပိုင်ခွင့်အတွင်း ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဉ ရောပသမဂ္ဂက အာဆီယံနိုင်ငံတွေကို တိုက်တွန်းသင့်ပါတယ်။ အမေရိကန်နဲ့ ဉရောပသမဂ္ဂက အာဆီယံရဲ့ တရား စီရင်ပိုင်ခွင့်အတွင်း မသက်ရောက်တာကြောင့် နိုင်ငံတကာဘဏ်စနစ်မှာ ငွေကြေးလွှဲပြောင်းတာတွေကို ထိန်းချုပ် တာမျိုး အရေးယူသင့်ပါတယ်။
စစ်ကောင်စီက ဓာတ်ငွေ့နဲ့ အခြားသတ္ထုရောင်းချမှုအတွက် သန်းပေါင်းများစွာသော ဒေါ်လာတွေကို အာ ဆီယံနိုင်ငံတွေရှိ ဘဏ်တွေရဲ့ အကောင့်တွေထဲမှတစ်ဆင့် ရရှိတာဖြစ်ပါတယ်။ ဒဏ်ခတ်မှုတွေပြုလုပ်ရာမှာ စစ်ကောင်စီထံမှ ဓာတ်ငွေ့ဝယ်ယူတဲ့ ထိုင်းနိုင်ငံနဲ့ ဓာတ်ငွေ့ရောင်းချမှုအတွက် ဒေါ်လာရရှိတဲ့ ဘဏ်အကောင့်တွေ ဖွင့်လှစ်ထားရာ စင်ကာပူကို ဒဏ်ခတ်မှုတွေ အာဏာတည်စေရေး ဉရောပသမဂ္ဂနဲ့ အာဆီယံက တွန်းအားပေးသင့် ပါတယ်။
မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှထုတ်ပယ်ရေး စဉ်းစားဖို့လည်း ဉရောပသမဂ္ဂက အာဆီယံကို တိုက်တွန်း သင့်ပါတယ်။ တရုတ်နဲ့ရုရှားထံမှ စစ်လက်နက်တွေဝယ်ယူနေတဲ့ စစ်ကောင်စီအပေါ် စစ်လက်နက်ရောင်းချမှု ပိတ် ပင်မှုပြုလုပ်ဖို့ ဉရောပသမဂ္ဂနဲ့ အာဆီယံခေါင်းဆောင်တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းသင့်ပါ တယ်။
The Diplomat မဂ္ဂဇင်းမှာ ဆောင်းပါးရှင် John Sifton ရေးသားထားတဲ့ Europe and ASEAN Should Work Together on Myanmar Crisis ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။