ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဒီဇင်ဘာလ ၁၄ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် စွန်ရဲအဖွဲ့မှပျူစောထီးအဖွဲ့ဝင် ၁ ဦးတို့ပစ်ခတ်ရှင်းလင်းခံ ခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ ရက် မနက် ၆ နာရီခွဲခန့်အချိန် ကကျောက်တွင်းကျေးရွာအုပ်စု၊ ချောင်းဖျားကြီးရွာမှ ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးညိုအေးကို ၄င်း၏ နေအိမ်တွင်သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
“အဲဒီ ဦးညိုအေး ဆိုသူ က ရွာထဲမှာ ပြည်သူတွေကိုအရမ်းဒုက္ခပေးနေတဲ့သူပါ။သူဟာ ရွာထဲကိုစစ်ဘေးရှောင်လာတဲ့ပြည်သူတွေကို အာဏာပြပြီးတော့ ချက် ချင်း သကျက်တောရဲစခန်းကို သတင်းပို့တိုင်ကြားတယ်။ပြီးတော့ PDF တွေ ကို အမြဲကြိမ်းဝါးကာခြိမ်းခြောက်ပြောဆိုနေသူတစ်ဦးလည်း ဖြစ်သည်”ဟု LLPDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထို့အပြင် ရဘဲကျေးရွာက ပျူစောထီးအဖွဲ့ဝင် နိုင်နိုင် ဆိုသူကိုလည်း ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် မနက် ၃ နာရီခန့် အချိန်က လောင်းလုံးမြို့နယ်လမ်းပိုင်းတစ်နေရာတွင်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု LLPDF တပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ ပျူစောထီး နိုင်နိုင် ဆိုသူမှာ ကျော်နီမော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်၏ တပည့်ဖြစ်ပြီး လက်ရှိတွင်ပျူစောထီးအဖွဲ့ဝင်အသစ်တွေကိုစုဆောင်းကာ ဦးဆောင်ပြုလုပ်နေသူတစ်ဦးလည်းဖြစ်သည့်အပြင် ၄င်း၏ သတင်းပေးမှုကြောင့်ပြည်သူတချို့ဖမ်းဆီးခံရပြီး တချို့မှာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
“ပျူစောထီး အဖွဲ့ဝင် ၂ ဦး အသတ်ခံရပြီးတော့ စစ်ကောင်စီတပ်သားတွေက သကျက်တော ရဲစခန်းကို ကားနဲ့ ရောက်လာကြပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ကြပြီး ပြန်သွားတယ်”ဟု လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် တစ်ဦးကပြောသည်။
အဆိုပါလုပ်ဆောင်ချက်သည်လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူလူထုနှင့်လုံးဝမသက်ဆိုင်ကြောင်းထုတ်ပြန်ထားပြီး LLPDF အဖွဲ့ဝင်များကလည်းစစ်ကောင် စီထောက်တိုင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို မျက်ခြေ မပြတ်စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားပါ သည်။
#လောင်းလုံး #ပျူစောထီး #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #AyeyarwaddyTimes