ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဒီဇင်ဘာလ ၁၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ CDF-Paletwaတွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၅ နှစ်အရွယ် ဆလိုင်းခက်ပြောင်မှာ ဒီဇင်ဘာလ(၁၁)ရက်နေ့က ဖြစ်ပွားခဲ့သော ရှေ့တန်းတိုက်ပွဲတစ်နေရာတွင် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ကြောင်း CDF-Paletwaက သတင်းထုတ်ပြန်ထားသည်။
“ရှေ့တန်းတိုက်ပွဲတစ်နေရာမှာ ကျဆုံးသွားတာပါ။ လုံခြုံရေးအရ တိုက်ပွဲအချက်အလက်အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးဘူး။ အချက်အလက်အသေးစိတ်ကိုတော့ မကြာခင် တရားဝင်ထုတ်ပြန်ပေးပါ့မယ်။ ထုတ်ပြန်ချက်ထုတ်ပြီးတာနဲ့ အသေးစိတ်ပြန်လည်ဖြေကြားသွားပါမယ်”ဟု CDF-Paletwaတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိမိသစ္စာပြုခဲ့သည့်အတိုင်း တိုင်းပြည်နှင့် လူမျိုးအတွက် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း ၎င်း၏ ပေးဆပ်မှုအပေါ် CDF-Paletwa က လေးစားဂုဏ်ပြုကြောင်းဝမ်းနည်းခြင်းမှတ်တမ်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ -CDF-Paletwa
#ပလက်ဝ #တိုက်ပွဲ #CDF #ကျဆုံး
#Ayeyarwaddy_Times