ဧရာဝတီတိုင်းမ်
(ပေါက်) ၊ ဒီဇင်ဘာလ ၁၄ ရက်

မကွေးတိုင်း ၊ ပေါက်မြို့နယ်အတွင်း ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄နာရီခွဲအချိန်ခန့်တွင် လက်နက်ခဲယမ်း သယ်ယူပြီးပြန်လာသည့် တော်လှန်ရေးရဲဘော်များနှင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့တို့ ထိပ် တိုက်တိုးကာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ်(SPGF)တပ်ခွဲ-၁ မှဗိုလ်တစ္ဆေဦးဆောင်သောအဖွဲ့သည် လက်နက်ခဲယမ်းများကားဖြင့်သယ်ယူလာစဉ် ဖိုးဖြူလုံးကန်ရွာ ဇရပ်အနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်နှင့်ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။

” G-3 တစ်လက်၊ကားတစ်စီး၊ ဖုန်းတစ်လုံး ဆုံးရှုံးခဲ့ပါတယ်။ဆုံးရှုံးခဲ့တဲ့ဖုန်းက ဗိုလ်တစ္ဆေရဲ့ဖုန်းပါ။ သူ့ဖုန်းကို မခေါ်ကြဖို့ ၊ သူ့ဖုန်းနံပါတ်နဲ့ဖုန်းဝင်လာရင်လည်း မကိုင်ကြဖို့ရာ အသိပေးကြေငြာအပ်ပါတယ် ” ဟု ပေါက်တောင်ပိုင်းပြောက်ကျားတပ် (SPGF) တပ်ခွဲ-၁ ပြန်ကြာရေးတာဝန်ခံမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်မှ ၃ ဦး သေဆုံးပြီး ပေါက် တောင်ပိုင်းပြောက်ကျားတပ်(SPGF)တပ်ခွဲ-၁မှ ရဲဘော် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း SPGF ထံမှသိရသည်။

ယခုလဆန်းပိုင်းတွင်လည်းပေါက်မြို့နယ်အတွင်း ရိက္ခာလာရောက်ပို့ဆောင်သည့်ကား မိုင်းဆွဲတိုက် ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများသေဆုံးမှုရှိကာ ၄င်းတို့ရိက္ခာများကို ကိုယ်တိုင်မီးပြန်ရှို့၍ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

#ပေါက် #တိုက်ပွဲသတင်း #SPGF #ထိခိုက်မှု #AyeyarwaddyTimes