ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ စက်မူဇုန် ၃၁ လမ်းတွင် ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်နှင့်အန်စာတုံးယာဥ်တို့တိုက်မိသဖြင့် ဆိုင်ကယ် စီးနင်းသူ လူငယ် ၁ ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

ဆိုင်ကယ်စီးနင်းလာသည့် အသက်၂၀ ဝန်းကျင်ခန့် လူငယ် ၂ ဦးသည် မုံရွာမြို့၊ စက်မူဇုန် ၃၁ လမ်းအရောက်တွင် အဖြူရောင်အန်စာတုံးယာဥ်ဖြင့်တိုက်မိရာဆိုင်ကယ် စီးလူငယ် ၁ ဦးမှာ အောက်သို့ပြုတ်ကျစဥ် ဦးခေါင်းအား ကားဖြင့်ကြိတ်မိခဲ့သဖြင့် သေဆုံးခဲ့ပြီးအဆိုပါကားမှာအေးရိပ်သာလမ်းပေါ်သို့ မောင်း နှင်ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

” မနေ့ညနေက မုံရွာစက်မှုဇုန်ထဲမှာဆိုင်ကယ်နဲ့ကားတိုက် တာ၊ တိုက်မိပြီးဆိုင်ကယ်ပေါ်က ၁ ယောက်ကပြုတ်ကျပြီးကားအောက်ဝင်သွားတာ ခေါင်းကိုကြိတ်မိတာ ပွဲချင်း ပြီးသေတယ်။ ကားကမောင်းပြေးသွားတာ” ဟု မျက်မြင်တွေ့ရှိသူဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ဆိုင်ကယ်စီးနင်းလာသူများမှာ ထနှောင်းတောကျေး ရွာမှ စက်မူဇုန်တောရကျောင်းအတွင်း ပန်းရံလာရောက် လုပ်ကိုင်​သူများဖြစ်ကာ ဦးခေါင်းအား ကားဖြင့်ကြိတ်ခံရသူလူငယ်မှာ အခင်းဖြစ်ပွားနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်လူငယ်တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီးမောင်းနှင်ထွက်ပြေးသွား သည့်ကားအားစစ်ကောင်စီဘက်မှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိဘဲ အဆိုပါကားမှာလည်း စစ်ကောင် စီအသိုင်းအဝိုင်းနှင့်ပတ်သက်မူများရှိနိုင်ကြောင်းလည်းမြို့ခံအချို့မှ မှတ်ချက်ပေးပြောဆိုမှုများရှိနေကြောင်းသိရသည်။

#မုံရွာ #ယာဥ်တိုက်မှု #ဆိုင်ကယ်စီးနင်းသူ #၁ ဦးသေဆုံး #AyeyarwaddyTimes