ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၄ ရက်
မြန်မာ့အရေးကို မကြာမီ ဖြေရှင်းနိုင်မယ်ဆိုတာကို သံသယရှိတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် ဆမ်က ပြောကြားလိုက်ပြီး အာဆီယံ အထူးကိုယ်စားလှယ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ပရတ်ခ်ဆော့ခွန်ရဲ့ မြန်မာနိုင်ငံသို့ တတိယမြောက်ခရီးစဉ် မသွားရောက်ဖြစ်တဲ့အကြောင်းကို ကာကွယ်လိုက်ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာပြုလုပ်တဲ့ အာဆီယံ-ဉရောပသမဂ္ဂ နှစ်ပတ်လည်ထိပ်သီး ဆွေးနွေးပွဲမှာ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူတဲ့ သူနဲ့တွေ့ဆုံတဲ့လာရောက်တဲ့ ကမ္ဘောဒီးယားပြည်သူ ၂၀၀၀ ကျော်နဲ့ တွေ့ဆုံစဉ် ဟွန်ဆမ်က အခုလို မှတ်ချက်ပြုတာဖြစ်ပါတယ်။
“မြန်မာ့အရေးကဖြေရှင်းဖို့ ငါးနှစ်ထက်မနည်း အချိန်ကြာမြင့်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။ တစ်စုံ တစ်ယောက်က မြန်မာ့အရေးဖြေရှင်းဖို့ အဖြေကောင်းတစ်ခုရှိတယ်ဆိုရင် သူတို့ကိုယ်တိုင်း မြန်မာနိုင်ငံကိုသွားပြီး ဖြေရှင်းသင့်ပါတယ်။ ကျွန်တော့်ရဲ့ အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းအတွင်း မြန်မာ့အရေးဖြေရှင်းဖို့ အစွမ်း ကုန် ကြိုးပမ်းခဲ့ပြီးဖြစ်တာကြောင့် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်စရာ မလိုတော့ပါ ဘူး” လို့ သူက ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ ကြိုးပမ်းခဲ့ပြီးဖြစ်သ လို အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ ခုနှစ်မှာ မြန်မာ့အရေးကို ဉီးဆောင်ဖြေရှင်းမယ်လို့ ဟွမ်ဆန်က ဒီဇင်ဘာလ ၈ ရက် မှာ ဂျပန်သံအမတ်ကြီး မီကာမီမာဆာဟီရိုကို ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက အကျဉ်းသားထောင်နဲ့ချီ လွှတ်ပေးတာကို ထောက်ခံပြီး မကြာမီ မြန်မာနိုင်ငံသို့ တတိယ မြောက်ခရီးစဉ် သွားရောက်မယ်လို့ နိုဝင်ဘာလအတွင်း ပရတ်ခ်ဆော့ခွန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
မြန်မာ့အရေးက အလွန် ရှုပ်ထွေးပြီး ပြင်ပအင်အားကြီးတိုင်းပြည်တွေရဲ့ စွက်ဖက်မှုတွေရှိနေတယ်လို့ မဲ ခေါင်မဟာဗျူဟာလေ့လာရေးဌာနမှ အကြီးတန်းသုတေသီ မန်ဒေးဗစ်က ပြောပါတယ်။
ဟွန်ဆမ်နဲ့ ပရတ်ခ်ဆော့ခွန်က မြန်မာ့ပဋိပက္ခဖြေရှင်းဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ပေမယ့် အာဏာသိမ်းစစ် ကောင်စီက ကြိုးပေးကွက်မျက်တာတွေ၊ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေလိုမျိုး ရန်စတဲ့အပြုအမူတွေ မကြာခဏ လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကတိကဝတ်ကို လျစ်လျူရှုခဲ့တယ်လို့ သူက ဆိုပါ တယ်။
အာဆီယံဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံကို ထောက်ခံတဲ့အနေနဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ကမ္ဘောဒီးယား က အာဆီယံနဲ့ လက်တွဲဆောင်ရွက်နေပြီး နိုင်ငံရေးအကျပ်အတည်း အဆုံးသတ်ကာ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေး စေ့စပ်ညှိနှိုင်းကြဖို့ သက်ဆိုင်ရာအဖွဲ့တွေကို တောင်းဆိုတယ်လို့ သူက ပြောပါတယ်။
ကိုးကား – The Phnom Penh Post
Ref; Myanmar conflict may take 5 more years to resolve: PM