ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်
ဧရာဝတီတိုင်းလူငယ်သမဂ္ဂအနေနဲ့ ကံစမ်းမဲအစီစဉ်ပြုလုပ်ပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ပေးမယ့်အစီစဉ်ကို ဧရာဝတီလူငယ်များ သမဂ္ဂနဲ့ ပြည်သူ့ဝန်ထမ်းများသမဂ္ဂတို့ ပူးပေါင်းပြီး စီစဉ်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီလူငယ်များသမဂ္ဂအဖွဲ့ ဝင်တွေဆီက သိရပါတယ်။
“ အဓိက ဒီဇင်ဘာရောက်ပြီဆိုတော့ အအေးဒဏ်ခံနိုင်ဖို့ အနွေးထည်တွေ ဆေးဝါးနဲ့ ရိက္ခာတွေ လိုအပ်ပါတယ်၊ ဒါတွေကလည်း စစ်ဘေးရှောင်ပြည်သူတွေ၊ CDM ဝန်ထမ်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ပေးဖို့ပါ”လို့ ဧရာဝတီလူငယ်များသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့အတွက် ကံစမ်းမဲအစီစဉ်မှာတော့ ဖုန်း၊ ကွန်ပျူတာနဲ့ ဘောလုံးဝတ်စုံတွေ ထည့်သွင်းမဲဖောက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့ကံစမ်းမဲအစီအစဉ်ကိုတော့ မဲ ၁ စောင်ကို ၅၀၀၀ နှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့ အတွက် ကံစမ်းမဲလက်မှတ်တွေ ဝယ်ယူမယ်ဆိုရင်တော့ ဧရာဝတီလူငယ်များသမဂ္ဂ (AYU) Facebook Page နဲ့ ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ Facebook Page တို့မှာ ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။