ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

ယမန်နေ့ ဇူလိုင်လ (၄) ရက်နေ့၊ နေ့လည် (၁၂) နာရီ (၂၅) မိနစ်အချိန်တွင် မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော် – AA က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – AA Info Desk