ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

သီရိလင်္ကာနိုင်ငံရှိ စာသင်ကျောင်းတွေကို မနေ့ကစပြီး တစ်ပတ်ကြာ ပိတ်ထားတယ်လို့ တာဝန်ရှိသူတွေ က ပြောကြားလိုက်ပါတယ်။
ဒေါ်လာငွေ ပြတ်လပ်နေတဲ့ သီရိလင်္ကာနိုင်ငံက ဘဏ္ဍာ ရေးအကျပ်အတည်းတစ်ရပ် ဖြစ်ပွားနေပြီး စား သောက်ကုန်၊ ဆေးဝါးနဲ့ လောင်စာဆီအပါအဝင် ကြွေးမြီတွေအတွက် ငွေချေဖို့ ရုန်းကန်နေရပါတယ်။

ဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေကို စာသင်ခန်းတွေကိုပို့ဆောင်ဖို့ လောင်စာဆီ အလုံ အလောက်မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားတွေက လောင်စာဆီဝယ်ယူရာမှာ ဘဏ်တွေကတစ်ဆင့် ငွေကြေးပံ ပိုးကြဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ကန်ချာနာဝီဂျစ်ဆီကီရာက တောင်းဆိုလိုက်ပါတယ်။

ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားတွေရဲ့ နေရပ်ကိုငွေပြန့်ပို့တာ တစ်လမှာ သန်း ၆၀၀ လောက် ရှိပေ မယ့် ဇွန်လအတွင်း ဒေါ်လာ ၃၁၈ သန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ကန်ချာနာက ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံက ပြည်ပ လောင်စာဆီကုမ္ပဏီခုနှစ်ခုကို ပေးချေဖို့ ဒေါ်လာ သန်း ၈၀၀ လောက် အ ကြွေးတင်နေတယ်လို့ အေပီသတင်းတစ်ရပ်အရ သိရပါတယ်။

ဓာတ်ပုံ – လူမှုကွန်ယက်
ကိုးကား – VOA
Ref; Schools in Sri Lanka Closed Due to Energy Crisis