ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်
စစ်ကိုင်းတိုင်း(အထက်ပိုင်း) ကလေးဒေသနှင့် ချင်း ပြည် နယ်အစပ်ရှိ ချင်းအမျိုးသားအဖွဲ့ချုပ်-CNO (ကလေးဒေ သကော်မတီ)အား ချင်းအမျိုးသားအဖွဲ့ချုပ်-CNO (အထက်ချင်းတွင်းဒေသကော်မတီ) ဟု အမည်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်-CNO မှ ဒီဇင်ဘာလ ၁၀ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။
ချင်းအမျိုးသားအဖွဲ့ချုပ်-CNO ဗဟိုကောင်စီ၏ အောက် တိုဘာလ ၁၀ရက်နေ့ ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ်(အထက်ချင်းတွင်းဒေသ)စိုးမိုးနယ်မြေအတွင်း ချင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(အထက်ချင်းတွင်းဒေသ) CNDF တပ်မဟာ ၄ ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အခုလို ဒေသအမည်ပြောင်းတာနဲ့ တပ်မဟာသစ်ဖွဲ့ စည်းတာက နိင်ငံရေး၊တော်လှန်ရေးအပါအဝင် အဘက်ဘက်ကနေ ဒီထက်မက ပိုပိုပြီး တိုးချဲ့သက်ရောက်ဖို့ဖြစ်တယ် ။ ကျနော်တို့က မြေပြန့် ကလေးဘက်ကိုတွဲတာဆိုတော့ဘယ်လိုကိစ္စမျိုးမဆို ကလေးမြို့ ဘက်က ဖြစ်ပျက်တာတွေကို ဒီတောင်ပေါ်ဘက် အဆင့်ဆင့်တင်ပြတာက လုပ် ငန်းနှောင့်နှေးပြီးလုပ်ဆောင်နိုင်သလောက်မလုပ်ဆောင် နိုင်တာမျိုးရှိတတ် တယ်။ ခုတော့ ကိုယ်စားလုပ်ပိုင်ခွင့်အာဏာကိုလည်းလွှဲတယ်ဆိုတော့ ဘယ်လုပ်ငန်းမဆို သူတို့က လျှင်မြန်ကောင်းမွန်စွာ လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု CNO/CNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါနယ်မြေအတွင်း CNO ဦးစီးချုပ်ကိုယ်စားလုပ်ပိုင်ခွင့်အာဏာကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) ကိုလွှဲအပ်ထားပြီး အရပ်ဖက်၊စစ်ဖက်အုပ်ချုပ်ရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့သို့ ကိုယ်စားလုပ်ပိုင်ခွင့် လွှဲအပ်ခြင်းဖြင့် ချင်းအမျိုႈသားကာကွယ်ရေးတပ်ဖွဲ့ (အထက်ချင်းတွင်းဒေသ) မှ ၄င်းတို့ စိုးမိုးနယ်မြေအောက်တွင် နိုင်ငံရေး၊ စစ်ရေး ကိစ္စအရပ်တို့ကို လျှင်မြန်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
#ချင်းပြည်နယ် #ကလေး #CNO #CNDF #ပြောင်းလဲဖွဲ့စည်း #AyeyarwaddyTimes