ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်
သံအမတ်ကြီး ဉီးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားမပြုပါဘူး။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဉီးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင် ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဉီးကျော်မိုးထွန်းကို ကုလသ မဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးရာထူးမှ ထုတ်ပယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သူက ရာထူးမှနှုတ်ထွက်ဖို့ ငြင်းဆန်ခဲ့သလို ကုလသမဂ္ဂ အထွေထွေညီလာခံ အသိအမှတ်ပြုကော်မတီက စစ်ကောင်စီကို အဆိုပြုသူကို အသိ အမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သံအမတ်ကြီး ဉီးကျော်မိုးထွန်းကို ကိုယ် စားလှယ်အဖြစ် ထောက်ခံထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ အသိအမှတ်ပြုကော်မ တီက ဉီးကျော်မိုးထွန်းကို မြန်မာသံအမတ်ကြီးအဖြစ် တစ်နှစ်သက်တမ်းတိုးပေးဖို့ သဘောတူလိုက်ပြီလို့ ကုလ သမဂ္ဂ သံတမန်တစ်ဉီးက ဒီဇင်ဘာလ ၁၂ ရက်မှာ ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ အသိအမှတ်ပြုကော် မတီက ဆုံးဖြတ်ချက်ကို တရားဝင် မကြေညာရ သေးတာကြောင့် အဲဒီ ကုလသမဂ္ဂ သံတမန်က အသေးစိတ်ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။
ကိုးကား – VOA
Ref; Myanmar’s UN Ambassador Reportedly Renewed for Another Year Despite Junta’s Opposition