ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကသာမြို့နယ်၊ ချောင်းဝရွာမှ မိုးတားလေးဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို ဒီဇင်ဘာလ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးဒဏ်ရာရမှုများပြားကြောင်း မြို့လှ K-PDF အဖွဲ့ထံမှ သိရှိရသည်။

တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်မှ စစ် ကြောင်းမှူး ဇေယျာမင်း ဦးဆောင်သည့် အင်အား ၆၇ ယောက်ပါသည့် စစ်ကြောင်းကို K-PDF တပ်ခွဲ ၁၊ ဗိုလ်မိုးကြိုးတပ်ခွဲမှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိသည်ဟု ဆိုသည်။

“ခလရ ၇၈ က ဇေယျာမင်းဦးဆောင်တဲ့ စစ်ကြောင်း ကို ချောင်းဝရွာနဲ့ နောတန်းအကြားမှာ မိုင်းဆရာဗိုလ်ဂုဏ် မာန်ရဲ့မိုင်းကွင်းထဲကို ဝင်မိသွားတာ။ ၆ ယောက် ချက် ချင်းမြေသြဇာဖြစ်သွားတယ်။ နောက်ထမ်းပိုးတွေနဲ့ ၂ ယောက်တစ်တွဲစီ ၈ တွဲလောက် ထမ်းထုတ်သွားတယ်။ သူတို့လူတွေရဲ့ အပိုင်းအစတွေကိုတောင် မကောက်သွားကြဘူး။ ခြေပြတ်၊ လက်ပြတ်တွေကို ကျွန်တော်တို့ပဲ မြေမြုပ်လိုက်ရတယ်”ဟု K-PDF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်မှ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော တပ်ဖွဲ့ဝင်အလောင်းများကို ယင်းနေရာ အနီး တစ်ဝိုက်၌ပင်မြေမြုပ်သွားကြောင်းနှင့် စစ်ကောင်စီတပ် ဒဏ်ရာရသူများ၏ ပြတ်ကျန်ခဲ့သည့် ခြေလက်များကိုမူ PDF တပ်ဖွဲ့မှ မြေမြုပ်ပေးခဲ့ရကြောင်း ၎င်းမှပြော သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ နေရာတွင်ပင် ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိကာ ယနေ့တွင် ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်များထဲမှ ထပ်မံသေဆုံးမှုများရှိကြောင်း ကသာမြို့ စစ်တပ်နှင့်နီးစပ်သူများထံကသိရသည်။

#ကသာ #စစ်ကောင်စီတပ် #မိုင်းဆွဲတိုက်ခိုက် #ခလရ ၇၈ #သေဆုံးမှု #AyeyarwaddyTimes