ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၃ ရက်
မြန်မာအာဏာသိမ်းစစ်ကောင်စီက မိမိပြည်သူအပေါ် စစ်ပွဲဆင်နွှဲနေပြီး ဂျပန် အပါအဝင် ကမ္ဘာ့နိုင်ငံအစိုးရတွေက တုံ့ပြန်မှုအရှိန်မြှင့်ကြဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဆီယံနိုင်ငံတွေထဲမှာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာခဲ့တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်တစ်ခုအတွင်း HRW က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေ ဖြစ်လာစေခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့် သေဒဏ်ချမှတ်ခံရကာ အခြေအနေက ပိုဆိုးလာနိုင်တယ်လို့ HRW က သတိပေးပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီအပေါ် ဖိအားပေးမှုတိုးမြှင့်ဖို့ လိုအပ်တယ်လို့ HRW ရဲ့ အာရှ ရေးရာ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆင်က ပြောပါတယ်။
“အကြမ်းဖက်မှုတွေရပ်တန့်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီအပေါ် နိုင်ငံတကာ လက် နက်တင်ပို့မှုပိတ်ပင်တဲ့ ပြစ်ဒဏ်ခတ်ဖို့ ကျွန်တော်တို့ အကြိမ် ကြိမ် တောင်းဆိုခဲ့ပါတယ်။ ပစ်မှတ်ထား ဒဏ်ခတ်တာတွေပြုလုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်” လို့ ရောဘတ်ဆင်က ပြောပါတယ်။
အာရှတိုက်ရဲ့ သက်တမ်းရင့် ဒီမိုကရေစီတစ်နိုင်ငံဖြစ်တဲ့ ဂျပန်က စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူ တာတွေ ပိုပြုလုပ်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။
“ဂျပန်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ တိုင်းပြည်တစ်ခုဖြစ်တာကြောင့်မြန်မာနိုင်ငံမှာ အပြောင်း အလဲဖြစ်ရေး တောင်းဆိုရာမှာ ဂျပန်နိုင်ငံက ဉီးဆောင်သူဖြစ်သင့်ပါတယ်” လို့ သူက ပြောပါတယ်။
ဂျပန်နိုင်ငံဟာ စစ်ဘက်အရာရှိတွေကို လေ့ကျင့်ရေးသင် တန်းပေးတာ အပါအဝင် မြန်မာနိုင်ငံနဲ့ သမိုင်းကြောင်းနဲ့ချီတဲ့ ဆက်ဆံရေးတစ်ရပ် ရှိပါတယ်။
စစ်ကောင်စီက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို ကြိုးပေးကွက်မျက်တာကြောင့် လာမယ့်နှစ်မှစပြီး အဲဒီသင်တန်းပေးတဲ့အစီအစဉ် ရပ်ဆိုင်းမယ်လို့ ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။
ကိုးကား – NHK
Ref; Human Rights Watch calls for global action on Myanmar