နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဒီဇင်ဘာလ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်က အနီးအနားရှိကျေးရွာများကို ဝင်ရောက်ရှာဖွေမှုများလုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူတွေဘေးလွတ်ရာသို့ပြေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။
မုံရွာ- ပုသိမ် ကားလမ်းဘေးတွင် လုံခြုံရေးယူနေသည့်စစ်ကောင်စီတပ်က ကြေးနီစီမံကိန်းအနီးရှိ ကျေးရွာများသို့ဝင်ရောက်ပြီး ဒေသခံများရဲ့အိမ်တွေက ပစ္စည်းတွေကိုဝင်ရောက်လုယက်မှုများ တရွာဝင်တရွာထွက်လုပ်ဆောင်နေကြောင်း သိရသည်။
“ဝမ်ပေါင်ဆိုက် နားကရွာတွေကို ဝင်နေတာ။ ပစ္စည်းတွေလည်းယူတယ်။ ရွာက လူငယ်တွေကိုလည်းခြိမ်းခြောက်တာတွေ ရိုက်နှက်တာတွေကိုပါလုပ်နေလို့ ခုဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်”ဟု ဆည်တည်းကျေးရွာနေအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြေားသည်
စစ်ကောင်စီတပ်များမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိကျေးရွာများကို မကြာခဏဆိုသလို ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူများအပေါ် ပစ်ခတ်သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ခိုးယူခြင်းများလုပ်ဆောင်လေ့ရှိပြီး ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း
ဒေသခံများထံမှ သိရသည်။
#လက်ပံတောင်းတောင် #ကြေးနီစီမံကိန်း #စစ်ကောင်စီ
#Ayeyarwaddy_Times