ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် သရက်ကိုင်းရွာမှ တောတိုက်တဲများအား မီးရှို့ပြီးပြန်ထွက်လာသည့်စစ်ကြောင်းကို ကျဆုံးရဲဘော်များအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် ကြားဖြတ်တိုက်ခိုက်ကြောင်း ဓားမဆိုင်းတပ်မတော်ထံကသိရသည်။
“ဒီဇင်ဘာလ ၈ ရက်နေ့မှာ စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်ရင်းကျဆုံးခဲ့တဲ့ ဓားမဆိုင်း ရဲဘော်အတွက်နဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ အတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ” ဟု တွေ့ရာသင်္ချိုင်းဓားမဆိုင်းတပ်မတော် တပ်ဖွဲ့ဝင်များက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုသည် ဓါးမဆိုင်းတပ်မတော် D.M.S.A
ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ နှင့်အတူ ကျားသစ်နက်တပ်မတော် B.L.P.A ယင်းမာပင်ခရိုင် တပ်ရင်း-၁၁ ညီနောင်မဟာမိတ်နှစ်ဖွဲ့ ပူပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုက်ခိုက်မှုအတွင်း ညီနောင်မဟာမိတ်နှစ်ဖွဲ့များ ထိခိုက်မှုတစ်စုံတရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး ရဲဘော် မောင်အောင်ပိုင်စိုးနှင့် နိုင်ငံတစ်ဝှမ်းရှိ ကျဆုံးရဲဘော်များကို လေးစားဂုဏ်ပြုသောအားဖြင့် သွေးကြွေးပြန်ယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရာသင်္ချိုင်းဓားမဆိုင်းတပ်ဖွဲ့ဝင်များက ပြောသည်။
#ဆားလင်းကြီး #ဓားမဆိုင်းတပ်မတော် #ကျဆုံးရဲဘော် #သွေးကြွေး #စစ်ကောင်စီ
#Ayeyarwaddy_Times