ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
စစ်ကိုင်းတိုင်း(အထက်ပိုင်း) ကလေးမြို့၊ တောင်ဇ လပ်ရပ်ကွက်ရှိ BMB-KTV နှင့် အနှိပ်ခန်းတွင် သောက် စားပျော်ပါးနေသည့် စစ်ကောင်စီတပ် တပ်ကြပ် ၁ ဦး၊ မြန်မာ့စီးပွားရေးဘဏ်မှမန်နေဂျာနှင့် ဘဏ်အလတ်တန်းစာရေးတစ်ဦးတို့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဖမ်းမိခဲ့ကြောင်း ကလေးပြည်သူ့မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ KPS မှ ထုတ်ပြန်ထားသည်။
တောင်ဇလပ်ရပ်ကွက်ရှိ အနှိပ်ခန်းတစ်ခုတွင် ပြည်သူ များထံမှ မိုင်ကြေးခွဲလုယက်ထားသည့်ငွေများဖြင့် ပျော် ပါးနေသည့် စစ်တပ်မှ တပ်ကြပ် မင်းဇော်ဦး၊ ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်နှင့် ဘဏ်အလတ်တန်းစာရေး ငြိမ်းခန့်ဇော်တို့ကို ကလေးမြို့ နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“စကစတပ်ကြပ် မင်းဇော်ဦးက ဖမ်းဆီးစဥ် ခုခံတိုက် ခိုက်ပြီး ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာပဲ သေသွားတယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ NUG ကဆက်လက် အပြစ်ပေးသွားမှာပါ”ဟု KPS တာဝန်ခံမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးရမိသူများထဲမှ တပ်ကြပ်မင်းဇော်ဦးမှာ ထွက် ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာတွင် သေဆုံးခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းနှစ်ဦးကို အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွှန်ကြားချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရှိရသည်။
အဆိုပါ KTV နှင့် အနှိပ်ခန်းတွင်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆိုင်ရှိ ဝန်ထမ်း ၁၀ ဦးကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဝန်ထမ်းအမျိုးသမီးတစ်ဦးလည်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
ဒေသခံတစ်ဦးမှ “မနက်ပိုင်း အဲဒီလိုရုန်းရင်းဆန်ခတ်တွေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ကြတယ်။ ကောင်မလေးတစ်ယောက်ကိုလည်း ထိသွားတယ်။ဖြစ်ပြီးတော့ စစ် သားတွေရောက်လာပြီးတော့ဆိုင်က ဝန်ထမ်း၁ဝ ယောက်ကျော်ကို ဖမ်းခေါ်သွားတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းနှစ်ဦးကို နိုင် ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီ ထိန်း သိမ်းထားကြောင်း KPS အဖွဲ့မှ ပြောသည်။
#စစ်ကိုင်း #ကလေး #KSP #စီးပွားရေဘဏ်ဝန်ထမ်း #အကြမ်းဖက် #အမှုဖွင့် #Ayeyarwaddy_Times