ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တပ်ဖွဲ့တစ်ခုဖြစ်တဲ့ MMPSS အဖွဲ့အနေနဲ့ စခန်းတည်ဆောက်ဖို့နဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
မြောင်းမြမြို့က ပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့က ပြောက်ကျားတပ်ဖွဲ့ဝင်တွေပူးပေါင်းဖွဲ့စည်း ထားတဲ့ MMPSS အနေနဲ့ လက်နက်နဲ့ စခန်းတည်ဆောက်ဖို့အတွက် အကူညီတွေလိုအပ်နေတာလို့ အဖွဲ့ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
“ လက်ရှိလိုအပ်နေတာတော့ စခန်းအသစ်တည်ဆောက်ဖို့အတွက် လက်နက်လိုအပ်နေသေးတယ်၊ နေရာ သစ်ဒေသသစ်ဆိုတော့ အားလုံးက အစိမ်းသက်သက်လိုဖြစ်နေတယ် အစားအသောက်ကအဓိက လိုအပ်နေတယ်”လို့ အဖွဲ့တာဝန်ခံ ကိုဗေဒါက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
MMPSS အဖွဲ့အနေနဲ့ စခန်းသစ်တည်ဆောက်ပြီး လက်နက်တွေဖြည့်တင်းပြီးတာနဲ့ မစ်ရှင်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့က ပြောက်ကျားတပ်ဖွဲ့ဝင်တချို့နဲ့ ညှိနှိုင်းမှုတွေပြုလုပ်နေပြီး ပြောက်ကျားတိုက်ခိုက်ဖို့တွေရှိတာကြောင့် ထောက်ပံ့မှုတွေမရသေးလို့ ရဲဘော်တွေရဲ့စိုက်ထုတ်ငွေတွေနဲ့ လက်နက်အင်အားဖြည့်တင်းတာတွေလည်း ပြုလုပ်နေရတယ်လို့ သိရပါတယ်။
မြောင်းမြမြို့မှာ စစ်ကောင်စီထောက်တိုက်နေရာတွေကို ဗုံး ၄ ကြိမ်ခွဲပြီး တိုက်ခိုက်ခဲ့တဲ့ မြောင်းမြပြောက်ကျားတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်းမှာ မစ်ရှင်တွေ ဖော်ဆောင်ခဲ့တဲ့ ပြောက်ကျားတပ်ဖွဲ့ဝင် တချို့ပူးပေါင်းပြီး MMPSS အဖွဲ့အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ ပူးပေါင်းပြီးဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
#မြောင်းမြ #တော်လှန်ရေးတပ်ဖွဲ့ #လက်နက် #အခက်အခဲ
#Ayeyarwaddy_Times