ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ဖြေရှင်းမယ်ဆိုတဲ့ ကြီးမား တဲ့ မျှော်မှန်းချက်တွေရှိနေတယ်လို့ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး အိုင်ဂေါ်ဒရစ်မန်းက CNA သ တင်းဌာနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။
“နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ တစ်စုံတစ်ရာလုပ်ဆောင်ဖို့ အင်ဒိုနီးရှား နိုင်ငံက နိုင်ငံရေးအာဏာရှိပါတယ်” လို့ သူက ဆိုပါတယ်။
တိုင်းပြည်ကိုသာမက ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ မြန်မာ့အရေးအတွက် အဖြေတစ်ခုရှာ ဖို့ အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးပါလိမ့်မယ်။ ဒါမှသာ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန် လျှောက်လှမ်းနိုင်မှာပါ” လို့ သူက ဆိုပါတယ်။
မြန်မာ့အရေး ဖြေရှင်းနိုင်မယ့် အဖြေရှာဖို့ မလွယ်ကူပေမယ့် ဉရောပသမဂ္ဂက အင်ဒိုနီးရှားနိုင်ငံကို အပြည့် အဝ ပံ့ပိုးပေးသွားမယ်လို့ အိုင်ဂေါ်ဒရစ်မန်းက ပြောပါတယ်။
အာဆီယံအဖွဲ့က မစွက်ရေးမူကို လိုက်နာပေမယ့် မြန်မာ့အရေးမှာ ခိုင်မာတဲ့ရပ်တည်ချက်ကို ပြသခဲ့တယ် လို့ သူက ပြောပါတယ်။ အာဆီယံအဖွဲ့က အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်တွေကို လာမယ့် ထိပ်သီးဆွေး နွေးပွဲ အပါအဝင် တရားဝင် အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ ခိုင်မာတဲ့ မူဘောင်တစ်ရပ်ဖြစ်ပေမယ့် စစ်ကောင်စီက အခုချိန်ထိ မဖော်ဆောင်ဘူးလို့ အိုင်ဂေါ်ဒရစ်မန်းက ပြောပါ တယ်။
“အာဏာသိမ်းစစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဖော်ဆောင်လိုတဲ့ဆန္ဒမရှိတာ ကြောင့် ကျွန်တော်တို့ ဖိအားတိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – CNA
Ref; EU to support Indonesia, next ASEAN chair, in addressing Myanmar situation: EU official