ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲ တွေဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီဘက်ကပစ်လွှတ်တဲ့ လက်နက်ကြီးတွေက ကျေးရွာတွေ အနီးနားမှာ ကျန်ရှိနေတာကြောင့် ကလေးတွေဆော့ကစားချိန် ပေါက်ကွဲမှာကို ဒေသခံတွေ စိတ်ပူနေကြပါတယ်။
ဒီဇင်ဘာလ ပထမပတ်ထဲမှာ ဖားကန့်မြို့နယ်ထဲက မှော်ပုံ၊ ဆန်ခါ စတဲ့ လုံးခင်းကျေးရွာအုပ်စုထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး အမြောက်အများသုံးကာ တိုက်ခိုက်ခဲ့ တာကြောင့် လက်နက်ကြီးခွံတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးဆန်တွေ ကျေးရွာတွေအနီးနားမှာ ကျန်ရှိနေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ရွာပတ်ပတ်လည်မှာမကွဲသေးတဲ့ ကျည်တွေရော ကွဲပြီးသား ကျည်တွေရောတွေ့တယ်၊ ကလေးတွေက လျှောက်ဆော့ရင် သွားတဲ့အခါ ကလေးတွေပဲ သွားသွားတွေ့တာ မကွဲသေးတဲ့ ဗုံးဆန်များ လက်နက်ကောက်တာတို့ တုတ်နဲ့ထိုးတာတို့ လုပ်တဲ့အချိန်မှာ ပေါက်ကွဲသွားရင် စိတ်မကောင်းစရာတွေ ဖြစ်ရမှာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကလေးမိဘတွေအနေနဲ့လည်း မီးဘေအန္တရာယ်လိုပဲ ဒါဟာ မီးဘေးအန္တရာယ် ထက်ဆိုးတဲ့အကြောင်း ဆုံးမတဲ့အခါ ထည့်သွင်းဆုံးမပြီး အသိပညာပေးထားသင့်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ပထမပတ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်ချိန်မှာ ဘုန်းကြီး ကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေမှာ လက်နက်ကြီး ကျရောက်ပွဲကွဲတာတွေရှိခဲ့ပေမယ့် လူသေဆုံးထိခိုက်တာမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
#ဖားကန့် #လက်နက်ကြီး #မပေါက်ကွဲ #ကျေးရွာ #ကလေး #ဆော့ကစားချိန်
#Ayeyarwaddy_Times