ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
မန္တလေးတိုင်း ၊ မန္တလေးခရိုင် PDF အမှတ် ၅ တပ် ရင်း ၊ မြစ်ငယ်PDF မှ စစ်ကောင်စီတပ်များကို အမြစ် ပြတ်ချေမှုန်းနိုင်ရန် ”AKစက်လက်အသေးနဲ့ မအလများကို ငရဲပို့မယ်” ဆိုသည့် ကမ်ပိန်းတွင် ပါဝင်ကြရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။
အဆိုပါကမ်ပိန်းအား ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၂၀ ၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထိ ၂ လကြာ ပြု လုပ်မည်ဖြစ်ကာ AK မောင်းပြန်အမျိုးအစား စက် လက်နက်အသေးနှင့်ကျည်များ ဝယ်ယူရန် ကျပ်သိန်း ၄၀၀ ကုန်ကျမည်ဖြစ်ကြောင်း မြစ်ငယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (MN-PDF)တာဝန်ခံကပြောသည်။
“ကျွန်တော်တို့တပ်ဖွဲ့က မြို့ပြစစ်ဆင်ရေးတွေကို အမျိုးသားတပ်ဖွဲ့ ၊ အမျိုးသမီးတပ်ဖွဲ့ဆိုပြီး ၂ ဖွဲ့ခွဲပြီးလုပ်ဆောင်နေပါတယ်။ကျွန်တော်တို့တပ်ဖွဲ့က စနစ် တကျစုဖွဲ့ထားတဲ့ တပ်ဖွဲ့အင်အားရှိတယ်။ အဓိကလို အပ်နေတာ လက်နက်ခဲယမ်းပါပဲ။လက်နက်ခဲယမ်းပြည့်စုံရင် မြို့ပြစစ်ဆင်ရေးတွေကို ပိုပြီးအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့ Kpay ၊ WavePay၊NUG Payတိုနဲ့ ကျွန်တော်တို့တပ်ဖွဲ့ရဲ့ Facebook Page Messenger ကနေ ဆက်သွယ်ပြီး ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ပြောချင်ပါတယ် ” ဟု မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN- PDF) တာဝန်ခံ ဗိုလ်ဖောင်းဒိုင်းမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN-PDF)မှ ၂
နိုဝင်ဘာလ ၁ လအတွင်း လှုပ်ရှားခဲ့သော စစ်ဆင် ရေးများကြောင့် စစ်ကောင်စီသစ္စာခံ ပျူစောထီးများ ၊ အုပ်ချုပ်ရေးမှူးများနှင့် ဒလန်သတင်းပေး ၈ ဦးထိ သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း MN-PDF တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။
#မြစ်ငယ် #PDF #ကမ်ပိန်း #သိန်း ၄၀၀ #AKစက်လက် #Ayeyarwaddy_Times