ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်

အိန္ဒိယနဲ့ အခြားတိုင်းပြည်တွေက မတူညီသော နည်းလမ်းတစ်ခု ချမှတ်မယ့်အစား မြန်မာ့အရေးနဲ့ပတ် သက်တဲ့ အာဆီယံအဖွဲ့ရဲ့မူဝါဒကို လေးစားသမှုရှိပြီး လိုက်နာသင့်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ် နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအတွင်း NLD အစိုးရကိုဖြုတ်ချကာ ဒေါ်အောင်ဆန်းစုကြည် အ ပါအဝင် ထောင်နဲ့ချီတဲ့ခေါင်းဆောင်တွေကို အကျဉ်းချပြီးနောက် အာဏာရရှိလာခဲ့တဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံတဲ့ အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မာဆူဒီက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနဲ့ အခြားတိုင်းပြည်တွေရဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုက အာဆီယံနိုင်ငံတွေရဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းမှုတွေကို မထိမရောက်ဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးကြား တွေ့ဆုံဆွေးနွေးဖို့၊ အထူးသံတမန်ခန့်အပ်ဖို့၊ အာဆီယံက လူသားချင်းစာနာမှုအကူအညီ ပေးအပ်နိုင်ဖို့နဲ့ သက် ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံနိုင်ရေး မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ် သွားရောက်ခွင့်ရရှိရေး ပါဝင် တဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာကြဖို့ မာဆူဒီက အိန္ဒိယနဲ့ အခြားတိုင်းပြည်တွေကို တိုက် တွန်းလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံတဲ့ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်မူဝါဒနဲ့ပတ်သက် လို့ မာဆူဒီက အခုလို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ကာ မြန်မာနိုင်ငံ ဒီမို ကရေစီလမ်းကြောင်း ပြန်လည်လျှောက်လှမ်းရေး ပံ့ပိုးကူညီနေချိန်မှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေက စစ် ကောင်စီနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံပြီး ထောက်ပံ့ပေးနေပါတယ်။

ကိုးကား – The Hindu
Ref; Follow ASEAN path on Myanmar, says Indonesian FM, after New Delhi engages military rulers