ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ စစ်ကောင်စီတပ်နဲ့ သတင်းပေးဒလန်တွေပေါင်းပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို ကျေးရွာတွေမှာ လိုက်လံရှာဖွေတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေ ပြန်လာပြီး ပုန်းခိုနေနိုင် တယ်ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ လောက်နဲ့ သတင်းပေးဒလန်တွေပေါင်းပြီး ကျေးရွာတွေ ကို တစ်ရွာဝင်တစ်ရွာထွက် အိမ်တွေကို လိုက်လံစစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ အဓိက ရွာတွေဘက်စစ်တာပေါ့ ရန်ကုန်ဘက်နဲ့ ထိစပ်တဲ့ ရွာတွေကို အဓိကထားစစ်ခိုင်းတာ ဧည့်စာရင်း စစ်သလိုမျိုးနဲ့ စစ်တာ ဒလန်တွေက အိမ်တွေပြပေးတယ် အိမ်တိုင်းတော့ စစ်တာမျိုးမဟုတ်ဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ခုလိုမျိုး စစ်ကောင်စီတပ်သားတွေနဲ့ သတင်းပေးဒလန်တွေပေါင်းပြီး ရှာဖွေနေတာဟာ တော်လှန်ရေး အင်အားစုတွေ ဧရာဝတီတိုင်းကို ပြန်ဝင်လာတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးမှ ခုလိုရှာဖွေတာတွေပြုလုပ်လာတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးစောင့်တဲ့ရုံးနား ဒရုန်းတစ်စင်း ပျံလာတာတွေလို့ သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ညောင်တုန်း #စစ်ကောင်စီ #သတင်းပေး #ကျေးရွာ #တော်လှန်ရေးအင်အားစု
#Ayeyarwaddy_Times