ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
တရုတ်အာဏာပိုင်တွေက လော့ဒေါင်းချတာ၊ ရက်ရှည် ကွာရန်တင်းဝင်တာနဲ့ ပုံမှန် အစုလိုက်အပြုံလိုက် ကိုဗစ်စမ်းသပ်တာတွေ ဖြေလျှော့နေပေမယ့် တရုတ်နိုင်ငံရှိ ဆေးရုံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာ ပြီး ကျန်းမာရေးလုပ်သားတွေ မလုံလောက်တာတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
တရုတ်အစိုးရအဖွဲ့ အစည်းအဝေးမှ ကိုဗစ်-၁၉ ထိန်းချုပ်မှုတွေ ဖြေလျှော့ပြီး အစုလိုက်အပြုံလိုက် ကိုဗစ် စမ်းသပ်တာတွေ အဆုံးသတ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ကွာရန်တင်းစင်တာတွေထက် မိမိနေအိမ်မှာသာ ကွာရန်တင်းဝင်ကြဖို့ အချက် ၁၀ ချက်ပါ စီမံချက်တစ်ရပ် ချမှတ်ခဲ့ပေမယ့် တရုတ်နိုင်ငံက ဆေးရုံတွေမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ကျန်းမာရေးလုပ်သား မလုံလောက်မှု ရင်ဆိုင်နေရပါတယ်။
ကွမ်ကျိုး၊ ရှီကျားကျောင်နဲ့ ပေကျင်းလိုမျိုး မြို့တော်ကြီးတွေမှာ မူဝါဒသစ်ဖော်ဆောင်မှု ဉီးဆောင်ခဲ့ပေ မယ့် အခမဲ့ဆေးခန်းတွေမှာ လူနာတွေ ပြည့်နှက်နေပြီး လူနာနဲ့ ဆရာဝန်တွေကြား အပြန်အလှန် ဗိုင်းရပ်စ်ကူး စက်မှုတွေ ဖြစ်လာခဲ့ပါတယ်။
လာမဲ့ တစ်လကနေ သုံးလအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေပြီး ပြည်သူ ၆၀ ရာခိုင်နှုန်းအထိ ကိုဗစ်ကူးစက်ခံရနိုင်တယ်လို့ ဆိုပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်လာရင် ဆေးရုံတွေက အရေးပေါ်ခန်းတွေ၊ အထူးကုသဆောင်တွေ မလုံ မလောက်မှုနဲ့ ကျန်းမာရေးဝန်ထမ်းအင်အား ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
တရုတ်အစိုးရက ကိုဗစ်ကူးစက်မှု သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်အောင် ကြိုးပမ်းနေပေမယ့် ဆေးရုံ တွေမှာ ကူးစက်လူနာတွေ ပြည့်နှက်လာပြီး ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်တဲ့ပြဿနာက အကြီးမား ဆုံး စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှု အစပြုခဲ့ရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တော်ရှိ အခမဲ့ဖျားနာဆေးခန်း ၄၂ ခုကို ကူးစက်လူနာ များပြားလွန်းပြီး ဝန်ထမ်းမလုံလောက်တာကြောင့် ပိတ်ပစ်ခဲ့ရတယ် လို့ သိရပါတယ်။
ဆေးရုံအရေးပေါ်ခန်းနဲ့ ဖျားနာဆေးခန်းတွေက ကျန်းမာရေးလုပ်သားတွေအတွက် စိန်ခေါ်မှုတစ်ခုမှာ ကိုဗစ်လူနာတွေက ဗိုင်းရပ်စ်မကူးစက်သူနဲ့ ခွဲထုတ်နေရခြင်းဖြစ်တယ်လို့ ဝူဟန်ဆေးရုံမှ ဆရာဝန်တစ်ဉီးက ပြော ပါတယ်။
ယာယီကွာရန်တင်းစင်တာတွေကို ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော် စေလွှတ်ခဲ့ရတာကြောင့် ကွမ်ကျိုး ဆေးရုံမှာ ဝန်ထမ်းအင်အား မလုံမလောက်ဖြစ်နေတယ်လို့ ဆရာဝန်တစ်ဉီးက ပြောပါတယ်။
ကိုးကား – The Straits Times
Ref; Covid-19 chaos at China’s hospitals as stringent control policy eases