ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမဘေးရှိ လေ တပ်အရာရှိရိပ်သာကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် လက်ပစ်ဗုံးဖြင့်ပစ်သွင်းတိုက် ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပျောက်ကျားတပ်ဖွဲ့ Last Bttle-PDF မှ ပြောသည်။
အဆိုပါ လေတပ်အရာရှိရိပ်သာအတွင်း ဗုံးပစ်တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုမသိရသေးဘဲ စစ်ကောင်စီဘက်ကပြန်လည်ပစ်ခတ်မှုများရှိသည်ဟုဆိုသည်။
“အရာရှိရှိရိပ်သာကို လက်ပစ်ဗုံးကျွေးခဲ့တာပါ။ ထိ ခိုက်မှုကိုတော့ မသိရသေးဘူး။ ဗုံးကွဲပြီးတဲ့အချိန်ပြန်ပစ်တာတွေရှိတယ်။ ပစ်ပြီးပြန်လာရတာဆိုတော့ ထိ၊မထိသေ ချာမသိရဘူး”ဟုအဖွဲ့တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများပြု လုပ်ခဲ့သော်လည်း ရဲဘော်များအနေဖြင့် ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကို Last Battle-PDF၊ Dark Shadow UG မဟာမိတ်အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လေတပ်အရာရှိရိပ်သာသည် မင်္ဂလာဒုံ၊ ပြည်လမ်းမနှင့် လေတပ်ဂေါက် ကွင်းလမ်းဆုံအနီး တည်ရှိပြီး အဆိုပါ လေတပ်အရာရှိရိပ်သာနှင့်တဆက်တည်းတွင် လေတပ်စုဆောင်းရေးတပ်၊ လေတပ်ပင်မထောက်ပံ့စီမံတပ်၊ပြုပြင်ထိန်းသိမ်းရေးလေတပ်၊ တိုက်ပွဲဝင်လေတပ်လေ့ကျင့်ရေးကျောင်း စသည့်လေတပ်များအပါအဝင် လေ တပ်အများအပြားရှိကြောင်းသိရသည်။
ဒီဇင်ဘာလ ၉ရက်နေ့မနက်ပိုင်းကလည်း မင်္ဂလာဒုံ ၊ ခရေ ပင်လမ်းမပေါ်ရှိစစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက် ခိုက်ခံရပြီး ယာဥ်ထိန်းရဲ ၁ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လေတပ်ပင်မထောက်ပံ့စီမံတပ်။