ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဆင်ခေါင်း တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CDSOM မှတာဝန်ခံ ကိုနွေဦးမှ ပြောသည်။
မြောင်မြို့ နယ်အတွင်းရှိ ကျေးရွာများသို့စစ်ကြောင်းထိုးရန်လာသည့် အင်အား ၇၀ ဝန်းကျင်ပါစစ်ကောင် စီတပ်ကို ဆင်ခေါင်းတောင်အနီးတွင် ၄ လက်မ ရှေ့ ထွက်စိန်ပြောင်း မိုင်း ၂ လုံးဖြင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့တိုက်ခိုက်တော့ စစ်ခွေးတွေက ဖွားစောရွာထဲကိုဝင်သွားတယ်။ တိုက်ခိုက်မှုကြောင့် စစ် ခွေး ၄ ကောင်က ဆေးရုံရာက်မှသေပြီး ၆ ကောင်ပြင်းထန်ဒဏ်ရာတယ်။ အဲဒီသတင်းကို ညနေလောက်မှ အတည်ပြုလို့ရခဲ့တာပါ”ဟု CDSOM တာဝန်ခံ ကိုနွေဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင် ရောက်ခြင်းကြောင့် အနီးနားရှိရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် စစ်ရှောင်ပြည်သူများကို NUG မှပေးသည့် စားနပ်ရိက္ခာ များကို သွားရောက်လှူဒါန်းခဲ့ကြောင်း ၎င်းမှပြော သည်။
တိုက်ခိုက်မှုကို Black Brother ခေါင်းဆောင်ဗိုလ် ရောင်ခြည်၊ ဗိုလ်အောင်ပန်း၊ တပ်စုမှူးဗိုလ်သော်တာဦးဆောင်သည့် မိုင်းအဖွဲ့နှင့် MUA(မြောင်)စစ်ကိုင်း ခရိုင်တပ်ရင်း (၂) တပ်ခွဲ(၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ တပ်ခွဲ ၃၊ CDSOMအဖွဲ့၊ ဟီးရိုးအဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြောင်မြို့နယ်၌ပင် ဒီဇင်ဘာ ၆ ရက်နေ့က ရွှေဘုံသာ ရွာကို မီးလာရှိူ့သည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့သေးကြောင်းသိရသည်။
#Ayeyarwaddy_Times