ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးရဲ့ တစ်စိတ်တစ်ဒေသအဖြစ် လေကြောင်းရန်ကာကွယ် ရေးစနစ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေ အပါအဝင် ရုရှားက အီရန်နိုင်ငံသို့ ခေတ်မီ စစ်လက် နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲလိုက်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံတဲ့အနေနဲ့ အီရန်နိုင်ငံကလည်း ရု ရှားနိုင်ငံသို့ မောင်းသူမဲ့လေယာဉ်တွေ ပေးပို့ခဲ့ပါတယ်။

ရုရှားနိုင်ငံက အီရန်သို့ ကာကွယ်ရေးကဏ္ဍမှာ နှစ်နိုင်ငံကြားဆက်ဆံရေးကို တင်းပြည့် မိတ်ဖက်အဆင့် ပြောင်း လဲစေတဲ့ မကြံစဖူး စစ်ရေးနဲ့နည်းပညာပံ့ပိုးမှု ပံ့ပိုးပေးနေတယ်လို့ ထောက်လှမ်းရေးသတင်းတွေက ဖော်ပြ နေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

ရုရှားနိုင်ငံက အီရန်လေယာဉ်မှူးတွေကို ဆူခွိုင်း-၃၅ ဂျက်တိုက်လေယာဉ် မောင်းနှင်မှုသင်တန်းပေးနေ ပြီး ဒီနှစ်အတွင်း အဲဒီလေယာဉ်တွေ ရရှိနိုင်တယ်လို့ သူက ဆိုပါတယ်။

“ဒေသတွင်း အိမ်နီးချင်းတိုင်းပြည်တွေနဲ့ယှဉ်ရင် ရုရှားနိုင်ငံရဲ့ ဆူခွိုင်း-၃၅ ဂျက်တိုက်လေယာဉ်တွေ ရရှိ လာရင် အီရန်လေတပ်ကို သိသိသာသာ အင်အားတောင့်တင်းစေမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

အီရန်နိုင်ငံက ဒီနှစ်နွေရာသီအတွင်း ရုရှားသို့ ရာနဲ့ချီတဲ့ တိုက်ခိုက်ရေးဒရုန်းတွေ ရောင်းချခဲ့သလို ရာနဲ့ချီ တဲ့ ပဲ့ထိန်းဒုံးကျည်တွေ ရောင်းချဖို့ စဉ်းစားနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ကိုးကား – CBS News
Ref; U.S. accuses Russia of providing weapons, fighter jets to Iran