ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးနှင့် ကန်လမ်းထောင့်ရှိ EPC ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄ နာရီဝန်း ကျင်အချိန်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force(FLA)အဖွဲ့ထံမှ သိရှိရသည်။
လှိုင် EPC ရုံးတွင် စစ်ကောင်စီတပ်မှ သဲအိတ်ဘန်ကာများဖြင့်အခိုင်အမာ တပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါရုံးအတွင်းသို့ ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုကိုမသိရသေးကြောင်း အဖွဲ့ဝင်တစ်ဦးကပြောသည်။
” ခုတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုကိုတော့ သေချာမသိရသေးဘူး။ ပူးပေါင်းအဖွဲ့တော့ အန္တရာယ်ကင်းပါတယ်။UG တွေကို အားဖြည့်ကူညီပေးကြပါ။ ကျွန်တော်တို့က အသက်ပေးပါ့မယ်။ တတ်နိုင်တဲ့ဘက်ကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု FLA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်မှုကို Emerald Girls Army(EGA)၊ နိုင်ငံ ရေးအကျဥ်းသားများအားလုံး ကိုယ်စားပြုတိုက်ခိုက် ရေးအဖွဲ့ Freeland Attack Force(FLA) နှင့် Revolution Of 21 Century အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#လှိုင် #EPC ရုံး #စစ်ကောင်စီတပ် #ဗုံးပစ်ခံရ #AyeyarwaddyTimes