ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က မြို့ပေါ်လူနေအိမ်တွေကို သွယ်တန်း ထားတဲ့ လျှပ်စစ်မီးကြိုးတွေဖြုတ်ခိုးခံခဲ့ရတယ်လို့ သိရပါတယ်။

အမှတ် ၁၀ ရပ်ကွက်အတွင်း သွယ်တန်ထားတဲ့ လျှပ်စစ်မီးကြိုးတွေကို ညပိုင်းမှာ အမည်မသိလူတစ်စုက ဝင်ရောက်ဖြုတ်ခိုးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“အဓိက မီးမလာတဲ့ ပြသနာပေါ့ လျှပ်စစ်မီးကြိုးပါ မဟုတ်ဘူး တဖြုတ်ဖြုတ်နဲ့ အခိုးခံနေရတာကြာပြီ ဆိုင်ကယ်ပျောက်လိုက် စက်ဘီးပျောက်လိုက်နဲ့ ခုက မီးကြိုးပါ ဖြုတ်ခိုးခံရတာ”လို့ ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဘိုကလေးမြို့မှာ မြို့ပေါ်ရပ်ကွက် လူနေအိမ်တွေကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးဖြုတ်ခိုးခံရမှုဟာ ၁ ပတ်အတွင်း ၂ ကြိမ်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၀ ရပ်ကွက်က အမှတ် ၃ လမ်းနဲ့ အမှတ် ၁၄ လမ်းက နေအိမ်တွေကို သွယ်တန်းထားတဲ့ မီးကြိုးတွေဖြုတ်ခိုးခံရမှုကြောင့် ၁ ပတ်အတွင်း လူနေအိမ် ၂၀ နီးပါး မီးကြိုးတွေ ဆုံးရှုံး ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ဘိုကလေး #လျှပ်စစ်မီးကြိုးများဖြုတ်ခိုးခံရ #ရဲတပ်ဖွဲ့