ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၁ ရက်

ဧရာဝတီတိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေတဝိုက် ဒရုန်းတွေပျံသန်းလာတာတွေ့ရင်ပစ်ချဖို့အတွက် စစ်ကောင်စီက အမိန့်ပေးထားတယ်လို့ စစ်ကောင်စီတပ်အသိုင်းဝိုင်းက သိရပါတယ်။

ဌာနဆိုင်ရာရုံးတွေကို ဒရုန်တွေနဲ့တိုက်ခိုက်တာမျိုး မရှိသေးပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒရုန်းပျံလာတာတွေရင် ပစ်ချဖို့ ညွှန်ကြားတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

” ခုက ဒီဘက်မှာတော့ ဒရုန်းနဲ့ တိုက်ခိုက်တာမျိုး မရှိသေးဘူး တခြားဘက်တွေမှာတော့ဖြစ်နေပြီ အဲ့တာကြောင့် ကြိုတင်ပြင်ထားခိုင်းတာမျိုးဖြစ်မယ်”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒရုန်းတွေပျံသန်းလာတာတွေရင် ပစ်ချဖို့ ညွှန်ကြားချက်ကို နိုဝင်ဘာလကစပြီး စစ်ကောင်စီ ဘက်ကညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းတွေကို ပစ်ချဖို့ မညွှန်ကြားခင်ကလည်း ရိုက်ကူးရေးနဲ့ အလှူမင်္ဂလာဆောင်တွေမှာ အသုံးပြုတဲ့ ဒရုန်းတွေကိုလည်း လာရောက်အပ်နှံဖို့အတွက် မြို့နယ်တွေမှာ စီမံချက်နဲ့ လိုက်ကြေညာတာတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

#ဧရာဝတီတိုင်း #ဒရုန်း #ပစ်ချမိန့် #Ayeyarwaddy_Times