
ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်
စစ်ကိုင်းတိုင်း၊ ဗိုလ်ဂဠုန်ယင်းမာပင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဂဠုန်ကို ဇွန်လ ၂၇ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ အမည်မသိသေနတ်သမားအဖွဲ့က ပစ်ခတ်သွားခဲ့လို့ သေဆုံးခဲ့ပြီး ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ အရိုးပြာကို ဂူသွင်း လိုက်တယ်လို့ ဗိုလ်ဂဠုန်တပ်ဖွဲ့ဝင်ရဲဘော်များများထံ ကသိရပါတယ်။
“မပြီးဆုံးသေးတဲ့ ဒီတော်လှန်ရေးကို ကျန်ရှိနေသေးသောရဲဘော်များမှ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ဗိုလ်ဂဠုန် ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ် မှ ဗိုလ်ဂဠုန် ကို ကတိသစ္စာပြုလိုက်ကြောင်း ဗိုလ်ဂဠုန်တပ်ဖွဲ့ဝင်များက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။