
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်
ကရင်ပြည်နယ်၊KNUတပ်မဟာ ၅ထိန်းချုပ်နယ် မြေ၊ ဖာပွန်ခရိုင်၊ ကမာမို(ကမမောင်း)မှ- ကတဲတိ (ကတိုင်တိ)ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီလက် အောက်ခံ BGF-နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ကားကို KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU မူတြော်ခရိုင်က ဇူလိုင် ၄ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်-BGF တပ်ရင်းအမှတ် (၁၀၁၃)က စစ်လက်နက်နဲ့တပ်အင် အားဖြည့်တင်းဖို့လာတဲ့ကားကို ဇူလိုင်လ ၁ နေ့က ကြားဖြတ်စောင့်ဆိုင်းပစ်ခတ်ခဲ့လို ကားပေါ်ပါတဲ့ BGFတပ်သား ၇ ဦးလုံးသေဆုံးသွားခဲ့တယ်လို့ KNU သတင်းကဆိုပါတယ်။
အဲ့ဒီ BGF ကားပေါ်တင်ဆောင်လာတဲ့ လက်နက်ခဲယမ်းအားလုံးကို သိမ်းဆည်းရရှိခဲ့ပြီး BGF မော် တော်ကားကိုတော့ KNLA တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့လိုက်တယ်လို့ သိရပါတယ်။