နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဒေးဒရဲ)၊ ဒီဇင်ဘာလ ၁၀ ရက်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်အစောပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ရုံးပိတ်ရက်မနက်အစောပိုင်းမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

” ကျွန်တော်တို့နေရာနဲ့ဝေးတော့ အသံမကြားလိုက်ရဘူး ဗုံးပေါက်ကွဲတယ်လို့တော့ပြောတယ်။ ထိခိုက်တာမျိုးတော့မရှိဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေကတော့ မီးပေးတစ်ချက် မပေးတစ်ချက် လုပ်ပြီး မီတာခတွေ ဖိအားပေးကောက်ခံနေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ခုလိုမျိုး သတိပေးတဲ့အနေနဲ့ဖောက်ခွဲတာမျိုး ပြုလုပ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။