ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး လေပေါင်ချိန်တိုင်းကာ လေပေါင်ချိန်မပြည့်ဘူးဆိုပြီး ဒဏ်ငွေတောင်းတာတွေ ပြုလုပ်နေတယ် လို့ ဒေသခံတွေကဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ ရဲတွေနဲ့ မီးသတ်တွေပေါင်းပြီး လူစည်ကားတဲ့နေရာတွေမှာ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးကာ လေပေါင်ချိန်ခိုင်းပြီး ဒဏ်ငွေကောက်ခံတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ခုကပိုဆိုးလာတယ် အရင်လို့ တစ်နေရာထဲဖမ်းတာမဟုတ်တော့ဘူး နာရီခြားနဲ့ လှည့်ဖမ်းနေသလိုမျိုး ဖြစ်နေတာ ပြီးတော့ လေပေါင်ချိန်မပြည့်တာကအစ ဒဏ်ရိုက်နေတာ စည်းကမ်းထိန်းသိမ်းတာမျိုး မဟုတ်တော့ဘဲ ဓါးပြတိုက်သလိုဖြစ်နေပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဆိုင်ကယ်တွေကို ဖမ်းဆီးတဲ့အခါမှာလည်း ဘက်မှန်မပါတာ၊ တာယာပါးနေတာနဲ့ အင်ဂျင်ဝိုင်နည်းနေတာ ကအစ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းတာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းအတွက် လိုင်စင်မဲ့ဆိုင်ကယ် တွေ ဖမ်းဆီးအရေးယူဖို့ ညွှန်ကြာထားတာ ဖြစ်ပေမယ့် အောက်မှာက ငွေတောင်းပွဲပုံစံပြုလုပ်နေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။