ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၀ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေကို ည ၉ နာရီနောက်ပိုင်းကနေ မနက် ၅ နာရီ မထိုးခင်အထိ အပြင်မထွက်ဖို့အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ဖားကန့်မြို့နယ်တော်လှန်ရေး အင်အားစုတွေက သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီရဲ့ ကားတွေနောက် ကပ်မလိုက်ဖို့နဲ့ ခပ်ဝေးဝေးမှာနေကြဖို့အတွက် လည်း သတိပေးစာထဲမှာဖော်ပြထားတာတွေ့ရပါတယ်။

တိုက်ပွဲမြင့်တက်မှုကတော့ သူတို့က ပလန်နဲ့သွားတာဆိုတော့ အဲ့အတိုင်းရှိနေမှာပဲ အဓိကတော့ ဘာသာ ရေး လူမျိုးရေးမှိုင်းတိုက်ထားတာကို ပြန်လည်ချေပတဲ့သဘောထင်တယ်လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သတိပေးထုတ်ပြန်ထားတဲ့စာထဲမှာတော့ ည ၉ နာရီကနေ မနက် ၅ နာရီအထိ အပြင်မှာသွားလာတာမျိုး မလုပ်ဖို့အပြင် တော်လှန်ရေးဆင်းနွှဲနေတာဟာ လူမျိုးရေး ဘာသာရေးအတွက် မဟုတ်ဘူးလို့လည်း ကြေညာထားတာ တွေ့ရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့သလို ဒီဇင်ဘာလဆန်းပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#Ayeyarwaddy_Times