ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဒီဇင်ဘာလ ၁၀ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွန်ကွင်းမြို့တွင် ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်က ဖြူးမြို့နယ်(ပကဖ)(9 Kwins Fighters Force မြို့ပြပျောက်ကြားအဖွဲ့)မှ ခမရ(၄၃၉)တပ် လုံခြုံရေးကင်းဂိတ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ခြေမြန်တပ်ရင်း ခမရ(၄၃၉)တပ် လုံခြုံရေးဂိတ်ရှိတပ်သား ၄ ဦးအား သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး တစ်ဦးမှဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

“ပြန်ပစ်တာမျိုးတော့မရှိပါဘူး၊ သူတို့ဘက်ကပြန်ပစ်ချိန်မရလိုက်လို့ပါ၊ အဲ့ဒီဂိတ်မှာလဲ ၄ ယောက်ဘဲရှိတာ၊ လုံခြုံစွာပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပဲခူးတိုင်းသတင်းပြန်ကြားရေး၏ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ဆင်ရေးအား နန်းထိုအောင်စစ်ဆင်ရေးအနေဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရခဲ့သူမှာ ခမရ(၄၃၉)မှ တပ်သားနေလင်းဆိုသူဖြစ်ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း နဂါးပါတ်မြို့ပြပြောက်ကျားအဖွဲ့မှ ကညွတ်ကွင်းရဲစခန်းအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ခမရ(၄၃၉)တပ်အား Google Map မှ မြင်တွေ့ရစဥ်။
#ဖြူး #ခမရ၄၃၉ #လုံခြုံရေးဂိတ် #စစ်ကောင်စီ
#Ayeyarwaddy_Times