ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၀ ရက်

စဉ်ဆက်မပြတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကနေဒါနိုင်ငံက ရုရှား၊ အီရန်နဲ့ မြန်မာနိုင်ငံအပေါ် ဒဏ် ခတ်အရေးယူမှုသစ်တွေ ပြုလုပ်လိုက်တယ်လို့ နိုင်ငံ ခြားရေးဝန်ကြီး မဲလန်နီဂျိုလီက ဒီဇင်ဘာလ ၉ ရက် မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်တဲ့ ရုရှားနိုင်ငံသားတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ စနစ်တကျကျူးလွန်တဲ့ အကြီးတန်း အရာရှိဟောင်း ၃၃ ဉီးနဲ့ ကုမ္ပဏီခြောက်ခုကို ကနေဒါနိုင်ငံက ဒဏ် ခတ်အရေးယူတယ်လို့ ထုတ်ပြန်ချက်တစ်ရပ်က ဆိုပါတယ်။

လူပုဂ္ဂိုလ် ၁၂ ဉီးနဲ့ မြန်မာစစ်ကောင်စီအတွက် အရေးပါတဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီသုံးခုအပြင် အီရန်နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျလုပ်ဆောင်သူ ၂၂ ဉီးကိုလည်း ကနေဒါနိုင်ငံက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

“ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုဟာ ကနေဒါနိုင်ငံ နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံမဏ္ဍိုင်တွေ ဖြစ် ပါတယ်” လို့ ဂျိုလီက ဆိုပါတယ်။

“ရုရှား၊ အီရန်နဲ့ မြန်မာနိုင်ငံကပြည်သူတွေ လူ့အခွင့် အရေးချိုးဖောက်ခံနေရတာကို ကမ္ဘာကြီးက မျက်မြင်တွေ့ကြုံတာကြောင့် အဲဒီပြည်သူတွေဘက်ကနေရပ်တည်ပြီး ကာကွယ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ အ ပြောင်းအလဲကို ဖန်တီးနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် မာဆာအမီနီ အကျဉ်းထောင်အတွင်း သေဆုံးမှုကြောင့် ဆန္ဒပြပွဲတွေဖြစ်ပွားစဉ် လုံ ခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဒါဇင်နဲ့ချီတဲ့ ကလေးငယ်တွေအပါအဝင် ရာနဲ့ချီတဲ့ ဆန္ဒပြသူ တွေ သေဆုံးပြီးနောက် ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေက ပူး တွဲ အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါသေးတယ်။ ကနေဒါနိုင်ငံက လူ့အခွင့်အရေးအတွက် အမှန်တရား ဘက်က ဆက်လက် ရပ်တည်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Anadolu
Ref; Canada slaps new sanctions on Russia, Iran, Myanmar