ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်

ကမ္ဘာပေါ်မှာ ဒေါင်းလုပ်အပြုလုပ်ခံရဆုံး အပလီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok ကို လုံခြုံရေးအရ စိုးရိမ်ရ တာကြောင့် အမေရိကန်ပြည်နယ်တွေနည်းတူ ထိုင်ဝမ်က မိုဘိုင်းဖုန်းတွေမှာ အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီဖြစ်ပါ တယ်။

တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ TikTok နဲ့ တရုတ်ဗားရှင်းဖြစ်တဲ့ Douyin ကို အစိုးရရုံးတွေ၊ ပြည်သူတွေရဲ့ မိုဘိုင်းဖုန်းတွေမှာ အသုံးပြုခွင့် ကန့်သတ်လိုက်ပြီလို့ ထိုင်ဝမ်မီဒီယာတွေက ဒီအပတ်အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

အမျိုးသား သတင်းအချက်အလက် လုံခြုံရေးအတွက် အန္တရာယ်ရှိတာကြောင့် TikTok အသုံးပြုခွင့် ပိတ် ပင်လိုက်တာလို့ ထိုင်ဝမ်ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဉီးက ကိုးကားပြီး ထိုင်ဝမ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်အစိုးရက နောက်ထက် တရုတ်ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Xiaohongshu ကို လည်း အသုံးပြုခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး ထိုင်ဝမ်ကျွန်းအပေါ် တ ရုတ်က စစ်ပွဲဆင်နွှဲနေတယ်လို့ စွပ်စွဲခံနေရပါတယ်။

တရုတ်ဆိုရှယ်ပလက်ဖောင်းတွေကို တရုတ်ကွန်မြူနစ်ပါတီက ထိန်းချုပ်ထားတယ်လို့ ထိုင်ဝမ် Chiao Tung တက္ကသိုလ်မှ ပါမောက္ခတစ်ဉီးဖြစ်သူ လင်ရင်တန်က အင်တာဗျူးတစ်ခုအတွင်း ပြောကြားခဲ့ဖူးပါတယ်။

“တရုတ်ဆိုရှယ်ပလက်ဖောင်းတွေက အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဆာဗာမှာ ရယူနိုင် ပြီး မိုဘိုင်းဖုန်း ဒါမှမဟုတ် အသုံးပြုသူရဲ့ လုံခြံရေးအချက်အလက်တွေကို ချိုးဖောက်နိုင်ပါတယ်” လို့ သူက ဆိုပါ တယ်။

မိုဘိုင်းဖုန်းနဲ့ ကွန်ပြူတာတွေအပါအဝင် ပြည်နယ်အားလုံးရှိ အီလက်ထရောနစ်ပစ္စည်းတွေမှာ TikTok အ သုံးပြုခွင့် ပိတ်ပင်ထားတယ်လို့ အမေရိကန်နိုင်ငံရှိ တောင်ကာရိုလိုင်းနား၊ တက္ကဆတ်နဲ့ မေရီလန်းပြည်နယ်တွေ က ကြေညာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း TikTok အပလီကေးရှင်း အသုံးပြုသူ တစ်ဘီလီယံဝန်းကျင်ရှိပြီး အမေရိကန်နိုင်ငံမှာ ၈၅ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လုံခြုံရေးအရ စိုးရိမ်ရတယ်ဆိုတဲ့ ပြောဆိုချက်တွေကို TikTok က အကြိမ်ကြိမ် ပယ်ချခဲ့ပြီး ကုမ္ပဏီနဲ့ပတ် သက်လို့ သတင်းအမှားတွေ ဖြန့်နေတာလို့ ပြောကြားခဲ့ပါတယ်။

ကိုးကား – RFA
Ref; Taiwan calls TikTok ‘harmful to national security’