ဧရာဝတီတိုင်းမ်
(ကနီ)၊ ဒီဇင်ဘာလ ၉ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပျူစောထီးရွာဟု ဒေသခံများသတ်မှတ်ထားသည်ံ့ အလယ်ကျွန်းကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူတစ်ဦးကို PDF များ သွားရောက်ကယ်ဆယ်ရာ
စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့က အလယ်ကျွန်းကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ ပြည်သူတစ်ဦးကို ကျောက်လုံးကြီးKLGတပ်မဟာမှ သွားရောက်ကယ်ဆယ်စဥ် ၎င်းအားလိုက်လံဖမ်းဆီးနေသည့် စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၃၀ ပါ ပူးပေါင်းအဖွဲ့နှင့် ဒီဇင်ဘာလ ၈ ရက်နေ့ နေ့လည် ၂ နာရီတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်လုံးကြီး KLGတပ်မဟာထံမှ သိရသည်။
“သူ့ကိုဖမ်းထားတာကြာပီ၊ ၇ လလောက်ရှိပြီ၊ ဖမ်းထားခါစကဆို တစ်လလောက်အချုပ်ထဲထည့်ထားတာ၊ နောက်မှ အချုပ်ထဲကလွတ်ပြီး နွားကျောင်း၊ နွားစာရိတ်ခိုင်းတာဗျ၊ ပြည်သူတွေကိုသူတို့အဲ့လိုဖမ်းနေကြဘဲ” ဟု ကျောက်လုံးကြီးKLGတပ်မဟာ၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါပြည်သူ တစ်ဦးမှာ လွန်ခဲ့သော ၇ လခန့်က တောထဲရှိ၎င်း၏နေအိမ်တွင်အိပ်နေစဉ်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၇ အကြာ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း လက်ရှိတွင် ၎င်း၏နေအိမ်သို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KLG PDFဘက်မှ အထိအခိုက်မရှိ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
KLGတပ်မဟာသည် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ လောင်စာဆီရိက္ခာတင်
သင်္ဘောများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း KLG တပ်မဟာထံမှ သိရသည်။
#ကနီ #ပျူစောထီး #စစ်ကောင်စီ #ထွက်ပြေး #PDF #ကယ်ဆယ်
#Ayeyarwaddy_Times