ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်
စစ်ကောင်စီမှ ခန့်အပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအ၀င် အစိုးရအဖွဲ့ဝင် ၃ ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၈ ရက်နေ့မနက်ပိုင်းက အင်းစိန်အထူးတရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ အမိန့်ချမှတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနအသိုင်းအဝိုင်းထံက သိရသည်။
ရန်ကုန်တိုင်းစစ်ကောင်စီခန့်၀န်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီပွားကူးသန်းဝန်ကြီးဟောင်း ဦးအောင်သန်းဦး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို ရန်ကုန်တိုင်းအတွင်းမြို့နယ်များမှ မြေယာရောင်းချမှုများနှင့်ပတ် သက်၍ နိုင်ငံရေးရာထူးအပေါ်အလွဲသုံးစားပြုလုပ်ပြီးငွေကြေးလက်ခံရယူသည်ဟုဆိုကာ ဇွန်လ အတွင်းကအဂတိလိုက်စားမှုပုဒ်မများဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။
“သူတို့ ၃ ဦးကို ရန်ကုန်တိုင်းအတွင်းက အစိုးရမြေယာတွေကိုရောင်းချရာမှာ လာဘ်စားလို့ဆိုပြီး ခုလိုနှစ်ရှည်ချမှတ်လိုက်တာပါ။ ဦးလှစိုးကို ပုဒ်မ ၅၅ နဲ့ ၁၅ နှစ်၊ ဦးအောင်သန်းဦးကို အဂတိပုဒ်မ ၅၅ ထောင်ဒဏ် ၂၀ နှစ်၊ အတွင်းရေးမှူးဦးစိုးစိုးဇော်ကို ပုဒ်မ ၅၅ နဲ့ ၆ နှစ်ချမှတ်ခဲ့တာပါ”ဟု တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သည့်ရှေ့နေတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
၀န်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် ဦးအောင်သန်းဦးတို့ သည် အစိုးရမြေယာများဖြစ်သည့် ဒဂုံမြို့သစ်ဆိပ်ကမ်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒလနှင့် သဃ်န်းကျွန်းမြို့နယ် တို့မှ မြေကွက် ၉ ကွက် (၂၆၂ ဧက) ကို တန်ဖိုးထက်လျှော့ ချရောင်းချခဲ့ပြီး အဆိုပါမြေ ယာကိစ္စများနှင့်ပတ်သက် ၍ ဘဏ္ဍာငွေကျပ်သန်းပေါင်းသောင်းနှင့်ချီနစ်နာသည်ဟုဆိုကာ စစ်ကောင်စီဘက်ကစွပ်စွဲထုတ်ပြန်ထားပြီး ဦးစိုးစိုးဇော် မှအဆိုပါကိစ္စများတွင်အားပေးကူညီခဲ့သည်ဟုဆိုသည်။
၀န်ကြီးချုပ်ဟောင်း ဦးလှစိုးကို စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးအောင်သန်းဦးမှာ ယခုနှစ် မတ်လအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ဦးစိုးစိုးဇော်ကိုမူ မေလအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူ တစ်ဦးထံမှ သိရှိရသည်။
#ရန်ကုန်တိုင်း #စစ်ကောင်စီခန့် #ဝန်ကြီးချုပ်ဟောင်း #အဖွဲ့ဝင် ၃ ဦး #ပြစ်ဒဏ်ချမှတ် #Ayeyarwaddy_Times