ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်

ဧရာဝတီတိုင်းမှာ ငရုတ်သီးဈေးကောင်းရနေပေမယ့် သီးနှံပေါ်ချိန်မှာ ဈေးထိုးကျမှာကို ဒေသခံ တောင်သူတွေအနေနဲ့ စိတ်ပူနေကြတယ်လို့ သိရပါတယ်။

ငရုတ်သီးအခြောက် ၁ ပိသာကို လက်ရှိပေါက်ဈေး ၂ သောင်းခွဲထိရနေသော်လည်း အမှန်တကယ် ငရုတ်စိုက် တောင်သူများ သီးနှံပေါ်ချိန်မှာ ရုတ်တရက်ဈေးထိုးကျမှာ စိုက်ပူနေကြတာလို့ ငရုတ်ပ်စိုက်တောင်သူတွေက ပြောပါတယ်။

“ လက်ရှိ လက်ကားပွဲရုံတွေမှာ ငရုတ်ဈေးက ၁ ပိသာကို ၂ သောင်းလောက်ပေါက်တယ် ကိုယ့်အသီးအနှံ ပေါ်ချိန်ရောက်မှာ ခေါက်ချိုးလောက်ကျသွားဦး ၁ ပိသာကို ၁ သောင်းလောက် ဈေးတင်ပါစေလို့ ရင်မပြီး ကြည့်နေရတယ်”လို့ ဇလွန်မြို့ခံ ငရုတ်စိုက်တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ငရုတ်သီးပင်အပါဝင် အခြားစိုက်ပျိုးသီးနှံတွေဟာ ရာသီပေါ်ချိန်မှာ ဈေးထိုးကျတဲ့အခြေအနေမျိုးတွေ ရှိခဲ့တာကြောင့် ခုလည်း ဈေးထိုးကျမယ့်အခြေအနေမျိုး ဖြစ်လာနိုင်လို့ ဒေသခံတောင်သူတွေအနေနဲ့ စိတ်ပူနေရတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက ငရုတ်ပ်ပင်စိုက်ပျိုးမှုဟာ ၁ ဧကကို ပိသာချိန် ၁ ထောင်လောက်ပုံမှန်ထွက်ပြီး မြေညံတဲ့ အခြေအနေမျိုးမှာ ၁ ဧကကို ပိသာချိန် ၆၀၀ လောက်ထွက်လေ့ရှိတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဓာတ်ပုံ – Yaya Myanmar
#ဧရာဝတီ #ငရုတ်သီး #သီးနှံပေါ်ချိန် #စျေးကျ
#Ayeyarwaddy_Times