ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၉ ရက်

အမေရိကန်နိုင်ငံက စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချ မယ်လို့ မီဒီယာသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

လက်ရှိ အမေရိကန်သံအမတ် Thomas Vajda ဒီလနှောင်းပိုင်းမှာ နေရပ်ပြန်မှာဖြစ်ပြီး သူ့နေရာဆက်ခံ သူကို မစေလွှတ်ဖို့ ဝါရှင်တန်က ဆုံးဖြတ်ခဲ့တာကြောင့် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချသွားမယ်လို့ Nikkei Asia က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးကို ကိုးကားပြီး ဖော်ပြပါတယ်။

သံအမတ်ကြီး Thomas Vajda နေရပ်ပြန်ချိန်မှာ ရန်ကုန်မြို့ရှိ အမေရိကန်မစ်ရှင် ဒုတိယအကြီးအကဲ Deborah Lynn က သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်မယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် တာ ဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

NLD အစိုးရ ရာထူးမှဖြုတ်ချခံရကာ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံခဲ့ရ တဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် အမေရိကန်က မြန်မာနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ ချတာဖြစ်ပါတယ်။

NLD က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်သူလူထုက ကန့်ကွက်ဆန္ဒပြခဲ့ပေမယ့် စစ်ကောင်စီဟာ ပြည် တွင်းစစ်ဖြစ်လာနိုင်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ သတိပေးချက်ကို လျစ်လျူရှုကာ ဒီမိုကရေစီဘက်တော်သားတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးသဘောထားကွဲလွဲသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူ ၂၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါ တယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၇၀၀၀၀ ထက်မနည်း ပြည်ပသို့ထွက်ပြေးကာ တစ် သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုးကား – A News
Ref; United States to downgrade diplomatic ties with Myanmar