ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းက ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ယူကရိန်းပြည်သူတွေရဲ့စိတ်ဓာတ်ကို ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်တာ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

တစ်နှစ်တာ အထူးခြားဆုံးပုဂ္ဂိုလ်ဆုဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်တွေအပေါ် လွှမ်းမိုးမှုအရှိဆုံးလို့ ယူဆရတဲ့ဖြစ်စဉ် ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို ချီးမြှင့်လေ့ရှိတဲ့ဆုဖြစ်ပါတယ်။

တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထူးခြားဆုံးပုဂ္ဂိုလ်ဆု ဇကာတင်စာရင်းမှာ အီရန်နိုင်ငံမှ ဆန္ဒပြသူတွေ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် တရားရုံးချုပ်တို့လည်း ပါဝင်ခဲ့ပါတယ်။
ယူကရိန်းပြည်သူတွေရဲ့စိတ်ဓာတ်ဆိုတာ ရုရှားကျူးကျော်စစ်ကို တွန်းလှန်ခဲ့တဲ့ ကမ္ဘာတစ်ဝန်းမှ ယူက ရိန်းပြည်သူတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

အဲဒီပြည်သူတွေထဲမှာ ယူကရိန်းပြည်သူတွေကို ထောင်နဲ့ချီတဲ့ အခမဲ့အစားအစားတွေ ထောက်ပံ့ခဲ့တဲ့ စား ဖိုမှူးတစ်ဉီးဖြစ်သူ လက်ဗ်ဂျင်ကလိုပိုတန်ကို၊ ရုရှားတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုခံခဲ့ရပေမယ့် သုံးလအကြာမှာ လွတ် မြောက်လာခဲ့တဲ့ ဆေးဝန်ထမ်း ယူလီယာပါယက်ဗ်စကာတို့လည်း ပါဝင်ပါတယ်။

သမ္မတ ဇီလန်စကီးဟာ ယူကရိန်းပြည်သူတွေကို စိတ်ဓာတ်လှုံ့ဆော်ပေးခဲ့ပြီး ရုရှားကျူးကျော်စစ်ကို တွန်းလှန်ရာမှာ သတ္တိရှိမှုကြောင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုခံခဲ့ရပါတယ်။

တိုင်းမ်မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထူးခြားဆုံးပုဂ္ဂိုလ်ဆုကို ၁၉၂၇ ခုနှစ်မှာ စတင်ချီးမြှင့်တာဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ ဂျာမနီအာဏာရှင်ဟောင်း အဒေါ့ဟစ်တလာ၊ ၂၀၀၇ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကို ချီးမြှင့်ခဲ့ပါတယ်။

ကိုးကား – BBC
Ref; Volodymyr Zelensky is Time Magazine’s 2022 Person of the Year