ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

လာမယ့်နှစ် မေလမှာပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအပြီး လွှတ်တော်က ထောက်ခံပါက နောက် ထက်နှစ်နှစ် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပြီလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ၂၀၂၅ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နိုင်တယ်လို့ စက်တင်ဘာလအတွင်း သီတင်းငါးပတ်ကြာ ရာထူးဆိုင်းငံ့ခံရပြီးနောက် အနာဂတ်နဲ့ပတ် သက်လို့ ပရာယွတ်က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်တစ်ဉီးဟာ ရှစ်နှစ်အထိသာ တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်ကို ဝန်ကြီးချုပ်သက်တမ်းမှာ ထည့်သွင်းသင့်တယ်လို့ ထိုင်းနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီကပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြဌာန်းတဲ့ ၂၀၁၇ ခုနှစ် ပရာယွတ်က ဝန်ကြီးချုပ်တာဝန် စတင်ယူခဲ့တာကြောင့် ပြန် လည်ရွေးကောက်ခံရပါက ၂၀၂၅ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နိုင်တယ်လို့ ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

“ကျွန်တော် ၂၀၂၅ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နိုင်ပါတယ်” လို့ ပရာယွတ်က ဒီဇင်ဘာလ ၆ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဘယ်နိုင်ငံရေးပါတီကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်မယ်ဆိုတာ တော့ ပရာယွတ်က ထုတ်ဖော်ပြောကြားခဲ့တာ မရှိပါဘူး။

အငြင်းပွားဖွယ် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် ထိုင်းလွှတ်တော်က ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ပရာယွတ်အစိုးရကိုဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ရွေး ကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတယ်လို့ ထိုင်းအစိုးရက ပြောကြားခဲ့ပါတယ်။

နှစ် ၈၀ အတွင်း အာဏာသိမ်းမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ခေါင်းဆောင်များစွာ ထွက်ပေါ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ ပရာယွတ်ဟာ ကာလအရှည်ကြာဆုံး တာဝန်ထမ်းဆောင်တဲ့ ဝန်ကြီးချုပ်တစ်ဉီး ဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Thai PM says wants to remain in power for two more years