နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာတတီ)၊ ဒီဇင်ဘာလ ၈ ရက်
ဧရာဝတီတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဧရာဝတီတိုက်ငါးမန်းအဖွဲ့ဟာ သူတို့အနေနဲ့ မစ်ရှင်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာလ ၇ ရက်နေ့က အသိပေး ထုတ်ပြန် ခဲ့ပါတယ်။
သူတို့ရဲ့ အရင်အသုံးပြုနေတဲ့ ဧရာဝတီတိုက်ငါးမန်းပြောက်ကျားတပ်ဖွဲ့ စာမျက်နှာကိုတော့ အသုံးပြု တော့မှာမဟုတ်ဘဲ စာမျက်နှာအသစ် အဖွဲ့လိုဂိုအသစ်နဲ့ ပြောင်းလည်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အရင်အသုံးပြုတဲ့ ဧရာဝတီတိုက်ငါးမန်း လိုဂိုအစား ပြည်သူသို့အသိပေးပြန်ကြားမှုတွေကို Irrawaddy Black Shark UG ဆိုပြီး အသုံးပြုသွားမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် အရင်က စာမျက်နှာနဲ့ လိုဂိုကို မသုံးဖြစ်တော့တာပါလို့ စစ်ရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မစ်ရှင်တွေလုပ်ဆောင်တာနဲ့ အများပြည်သူ သိသင့် သိထိုက်တာတွေကိုပါ Irrawaddy Black Shark UG လိုဂိုပါ စာမျက်နှာကနေ ဖော်ပြပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို တော်လှန်ရေးမပြီးခင်အထိ ဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
#Ayeyarwaddy_Times