ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာစစ်ကောင်စီခန့်အုပ်ချုုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ရဲ့ နေအိမ် ကို နိုဝင်ဘာလ ၃၀ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့ တယ်လို့ နွားထိုးကြီးဒေသကာကွယ်ရေးတပ်-NRDF က ဒီကနေ့မှာထုတ်ပြန်ပါတယ်။
ဗလုံကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကျော်ဆွေ ရဲ့နေအိမ်ကို NRDF ရဲဘော်တွေက စစ်အုပ်စုလက် အောက်ခံရဲတပ်ဖွဲ့အယောင်ဆောင်ဝင်ရောက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ပျူစောထီးတွေအတွက် တပ် ဆင်ပေးထားတဲ့ သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တာလို့ ပြောပါတယ်။
”အဲ့ဒီနေ့က ကျနော်တို့ရဲဘော်တွေက ရွာထဲကို ရဲယူနီ ဖောင်းတွေနဲ့ဝင်တာ။ရွာအဝင်မှာလည်းစစ်တဲ့ဂိတ်ရှိတယ် ၊ အဲ့ဒီဂိတ်ကလည်း ကျော်ဆွေရဲ့ တပည့် ပျူစောထီးတွေစောင့်တာ ကောင်မလေးတွေတောင်ပါတယ်။ ကျနော်တို့စစ်ဆေးစရာလေးရှိလို့ အုပ်ကြီးဆီသွားချင်လို့ နေအိမ်ပြောပေးပါဆိုပြီးပြောတော့။ ရဲလို့ထင်ပြီးတော့ သူ့တပည့်တွေကအူယားဖားယားဘဲလိုက်ပို့ပေးတာ။ အိမ်ပေါ်ရောက်မှ သူ့ကို ကျနော်တို့က PDF တွေလို့ပြောပြီး သူတို့ရထားတဲ့သေနတ်တွေထုတ်ပေးခိုင်းတော့ ၊ တုန်တုန် ယင်ယင်နဲ့ထုတ်ပေးတယ်” လို့ NRDF တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဗလုံကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်ဆီကနေ MA 3 ၁ လက် ၊ ကာဘိုင် ၃ လက် စုစုပေါင်းသေနတ် ၄ လက်နဲ့ ကျည်ဆံတွေသိမ်းဆည်းရရှိခဲ့တာလို့ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ ၎င်းတို့ထုတ်ပေးထားတဲ့သေနတ်တွေဆုံးရှုံးသွားလို့ အဲ့ဒီနေ့မှာဘဲ အုပ်ကြီး ကျော် ဆွေကို စစ်ကြောရေးကိုဖမ်းဆီးခေါ်ဆောင်ပြီး နှိပ်စက်စစ်ဆေးတာတွေလုပ်ဆောင်နေကာ သူ့ရဲ့အုပ်ချုပ်ရေးမှူး နေရာကို အစားထိုးခန့်အပ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
#မြင်းခြံ #အုပ်ကြီး #NRDF #သေနတ် ၄ လက် #သိမ်းဆည်းရရှိ #AyeyarwaddyTimes