ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

ယူကရိန်း အထူးစစ်ဆင်ရေးက မျှော်လင့်ထားတာထက် ပိုကြာမြင့်နိုင်ပေမယ့် နယ်မြေတွေ သိမ်းပိုက်ရာမှာ အောင်မြင်ခဲ့ပြီး ရုရှားနိုင်ငံရဲ့ နျူကလီးယားလက်နက်တွေက ပဋိပက္ခအရှိန်မြှင့်လာမှုကို ဟန့်တားနေတယ်လို့ သမ္မတ ဗလာဒီမာပူတင်က ဝန်ခံလိုက်ပါတယ်။

ယူကရိန်း အထူးစစ်ဆင်ရေးက မျှော်လင့်သည်ထက် ပိုမိုကြာမြင့်နိုင်တယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက် ယူ ကရိန်းကျူးကျော်စစ် ကိုးလကျော် ကြာမြင့်လာခဲ့ပြီး သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာရကာ ထောင်ချီ သေ ဆုံး/ဒဏ်ရာရရှိလာချိန်မှာ ပူတင်က အခုလို ပြောကြားလိုက်တာပါ။
အကျိုးစီးပွားကိုကာကွယ်ဖို့ ဆက်လက်တိုက်ခိုက်မှာဖြစ်ပြီး နည်းလမ်းအားလုံးသုံးပြီး ကိုယ့်ကိုကိုယ် ကာကွယ်သွားမယ်လို့လည်း ပူတင်က ဆိုပါတယ်။

ယူကရိန်းပိုင်နက်နယ်မြေတွေ သိမ်းပိုက်နိုင်တာဟာ သိသာထင်ရှားတဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့ လူ့အခွင့် အရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အွန်လိုင်းမှတွေ့ဆုံစဉ် ပူတင်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ ပြင်းထန်သောခုခံမှုကြောင့် ကိယက်ဗ်မြို့တော်ကို မသိမ်းယူနိုင်ခဲ့ပေမယ့် ရုရှားတပ်ဖွဲ့တွေ ဟာ ယူကရိန်းတောင်ပိုင်းကနယ်မြေတွေကို သိမ်းပိုက်ကာ မေလအတွင်း ဆိပ်ကမ်းမြို့တော် မာရီယူပိုလ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နျူကလီးယားလက်နက်တွေနဲ့ တိုက်ခိုက်ခြင်းမခံရသရွေ့ ရုရှားနိုင်ငံက နျူကလီးယားလက်နက်တွေ အသုံးပြုမှာမဟုတ်ဖူးလို့ ပူတင်က ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေက ကိယက်ဗ်ဧရိယာနဲ့ ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ခါကတ်ဗ်မြို့မှ ဆုတ်ခွာယုံ သာမက နယ်မြေကျယ်ဝန်းတဲ့ ခါဆင်ဒေသမှလည်း တပ်ဆုတ်ခွာခဲ့ပါတယ်။

ကိုးကား – PBS
Ref; Putin says Ukraine ‘special military operation’ is taking longer than expected