ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊၈ ရပ်ကွက်၊ နဝရတ် (၁) လမ်းထိပ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်နေထိုင်သူ များ၏ ပြောပြချက်အရ သိရှိရသည်။

ပစ်ခတ်ခံရသူမှာ သာကေတမြို့နယ်၊ ၈ ရပ်ကွက်ထိပ်ရှိ သာသနာ့ရက္ခိတဓမ္မာရုံရှေ့တွင် စမူဆာ၊အီကြာကွေးကြော်ရောင်းသည့် စစ်တပ်သတင်းပေးဆိုသူ မဘသအဖွဲ့ဝင် ရဲစိန်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူ အမည်မသိအမျိုးသား ၂ ဦးမှလာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူက ရဲတွေ၊ စစ်သားတွေလာရင် သူ့အဖေတွေလာသလိုပဲ။ ဒလန်အကြီးစား။ ရပ်ကွက်ထဲလည်း မိုက် ကြေးခွဲနေတဲ့ကောင်။ ရဲစိန်က မဘသမျိုးချစ်အဖွဲ့ဝင် လည်းလုပ်တယ်။ အရင်ကအစိမ်းဘက်ကဆန္ဒပြဘာညာဆိုရင် သူရှေ့ဆုံးက။ အခုလည်း ရပ်ကွက်ထဲ အမြဲဟစ်ကြွေးနေတာ ငါတို့စစ်တပ်နိုင်နေပြီကွဆိုပြီး ခုတော့ သူ့ပထွေးတွေလည်း မကယ်နိုင်ဘူး ပစ်ခံရတာ”ဟု ရပ်ကွက်နေအမျိုး သမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်ခံရသူ ရဲစိန် သည် စစ်တပ်သတင်းပေး (ဒလန်) ဟု နာမည်ထွက်နေပြီး ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများကို လူမိုက်များဖြင့် ပေါ်ပေါ် ထင်ထင်ပြုလုပ်နေသူဖြစ်ကြောင်းသိရသည်။

ပစ်ခတ်ခံရစဥ်တွင် ထွက်ပြေးသဖြင့် နောက်ကျောကိုသာကျည်ထိမှန်ပြီး အသက်သေဆုံးခြင်းမရှိဘဲ အဆိုပါပစ် ခတ်မှုအား မည်သည့်အဖွဲ့မှလုပ်ဆောင်သည်ကိုထုတ်ပြန်ခြင်းမရှိသေးပါ။

#သာကေတ #မဘသ #အဖွဲ့ဝင် #တပ်သတင်းပေး #ပစ်ခတ်ခံရ #AyeyarwaddyTimes